|
|
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
- မြန်မာ့ဂီတရေစီးကြောင်း
-
-
Author(s):
စန္ဒရားလှထွတ်
- Type: Myanmar Books
-
Category:
အနုပညာ / ဖျော်ဖြေရေး
- No of Pages: 286
- Binding: Paperback
- Publication Month Year: Apr-2018
- Size: 15 cm x 21 cm
|
- Description: အဆို, အရေး, အတီးစွယ်စုံပညာရှင်တစ်ဦးဖြစ်သလို မြန်မာ့စာပေနှင့် နိုင်ငံတကာ စာပေလေ့လာအားကောင်းသူတစ်ဦးဖြစ်သည့် စာရေးသူက ဤစာအုပ်တွင် ကမ္ဘာ့ဂီတသမိုင်းကြောင်းမှ အစပြု ခြေရာကောက်၍ မြန်မာ့တေးဂီတသမိုင်းကြောင်းကို ၁၉၇၈ ခုနှစ် နောက်ပိုင်းကာလ တေးဂီတခေတ်အထိ အကြောင်းအရာ အချက်အလျက် ပြည့်ပြည့်စုံစုံဖြင့် ကဏ္ဍ ၈ ခုခွဲကာ မှတ်တမ်းတင်ရေးသားပြုစုထားသည်။ ဂီတမြတ်နိုးသူ၊ လေ့လာလိုက်စားသူ ဝါသနာရှင်များ၊ ပညာရှင်များ၊ အထူးသဖြင့် မျိုးဆက်သစ်လူငယ်များအနေဖြင့် မြန်မာ့ဂီတ၏ နောက်ခံသမိုင်းကြောင်း၊ ခေတ်အဆက်ဆက် မြန်မာ့ဂီတ၏ စာပေအဖွဲ့အထုံး၊ အသံအဖွဲ့အစပ်၊ ဂန္တဝင်ဂီတ၊ ခေတ်ပေါ်ဂီတတို့၏ ဝိသေသလက္ခဏာများ၊ ယနေ့လက်ရှိခေတ် မြန်မာ့ဂီတအခြေအနေ အစရှိသော အထွေထွေ မြန်မာ့ဂီတ အကြောင်းအရာတို့ကို တစေ့တစောင်းသော်လည်းကောင်း၊ ခြုံငုံ၍သော်လည်းကောင်း ရင်းနှီးကျွမ်းဝင်စေလိုသော စေတနာရည်ရွယ်ချက်ဖြင့် ဤစာအုပ်ကို ပြုစုဖြစ်ခဲ့ခြင်းဖြစ်သည်ဟု စာရေးသူက အမှာစာတွင် ဆိုထားသည်။ အရေးအသားနှင့် တင်ပြပုံကောင်းမွန်မှုကြောင့် စာရေးသူသည် ဤစာအုပ်ဖြင့် ၁၉၉၆ ခုနှစ် အမျိုးသားစာပေဆုကို ဆွတ်ခူးနိုင်ခဲ့သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|