|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- မမကြီး
-
-
Author(s):
ဗန်းမော်တင်အောင်
- Type: Myanmar Books
-
Category:
ဝတ္ထုရှည်
- No of Pages: 192
- Binding: Paperback
- Publication Month Year: Jan-2024
- Size: 13 cm x 21 cm
|
- Description: မြန်မာ့စာပေလောကတွင် စာဖတ်သူများကြား ရေပန်းစားခဲ့သော၊ ယနေ့တိုင် ထင်ရှားကျော်ကြားနေဆဲဖြစ်သော ‘မြိုင်’ဝတ္ထုကဲ့သို့ပင် အိမ်ထောင်ရေးဇာတ်လမ်းကို ရေးဖွဲ့ထားသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်သည်။ လူအများစုသည် အချစ်နှင့်ထိတွေ့လျှင် ရူးမတက် စိတ်ကူးယဉ်တတ်ကြသည်။ ထိုစိတ်ကူးထဲတွင် စိတ်ချမ်းသာမှု သုခကိုသာ တွေးတောကြပြီး အခြားသော ဒုက္ခဆင်းရဲများကိုမူ ထည့်စဉ်းစားခြင်း မရှိကြပေ။ အိမ်ထောင်ပြုရာတွင်လည်း ထိုနည်းလည်းပင် ဖြစ်သည်။ ဝတ္ထုတွင်လည်း ကလေးနှစ်ယောက် ဖခင် တရားသူကြီး ဦးအေးသွင်၏ မှားယွင်းစွာပြုခဲ့မိသော အိမ်ထောင်တစ်ခုကို အချစ်နှင့်မထိတွေ့ဖူးသူ သူငယ်မကလေး‘ခင်’၏ ဘဝ၊ အဒေါ်ဖြစ်သူ ‘မမကြီး’တို့၏ သံယောဇဉ်အလှတို့နှင့်အတူ ဖတ်ရှုကြရမည် ဖြစ်သည်။ ဤဝတ္ထုကို ၁၉၆ဝ ပြည့်နှစ်တွင် စာရေးဆရာကြီးတစ်ဦး၏ ဝတ္ထုနှင့်အတူ စာပေဗိမာန်မှ ပူးတွဲဆု ပေးခဲ့သော်လည်း စာရေးသူက စာပေဗိမာန်မှ ချမှတ်ထားသော ဆုချီးမြှင့်ရေးမူနှင့် လက်တွေ့ဆုချီးမြှင့်ရာတွင် ဆုံးဖြတ်ချက်ပေးပုံ မကိုက်ညီဟု ယူဆသဖြင့် မကျေမနပ်ဖြစ်ကာ စာရေးသူက ဆုကိုမယူခဲ့သဖြင့် စာပေအဝန်းအဝိုင်းတွင် ဂယက်ထ လှုပ်ရှားခဲ့သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|