|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- အမျိုး ဘာသာ သာသနာ သို့မဟုတ် နိုင်ငံတော်ရဲ့အုတ်မြစ် နိုင်ငံတော်ရဲ့သရဖူ
-
-
Author(s):
မောင်သွေးချွန်
- Type: Myanmar Books
-
Category:
နိုင်ငံရေး
- No of Pages: 235
- Binding: Paperback
- Publication Month Year: Dec-2013
- Size: 13 cm x 21 cm
|
- Description: မျိုးစောင့်ဥပဒေ ဖြစ်မြောက်ရေး လှုပ်ရှားမှုနှင့်အတူ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို)တွင်လည်း အလုပ်အမှုဆောင်အဖြစ် သာသနာပြုလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိသူ စာရေးသူက လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၊ မီဒီယာများက “အမျိုးဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေး”နှင့် “မျိုးစောင့်ဥပဒေပြဋ္ဌာန်းရေး” လှုပ်ရှားမှုများအပေါ် ထိပါးစော်ကားခဲ့သည်များကို ဆောင်းပါး ၂၉ ပုဒ်ခွဲ၍ ပြန်လည်တုံ့ပြန်ဝေဖန်ထားခြင်း ဖြစ်သည်။ စာအုပ် ဆောင်းပါးများသည် သာကီသွေးဂျာနယ်၊ Reporter ဂျာနယ်၊ ဇမ္ဗူဒိပ်ဂျာနယ်များတွင် ဖော်ပြခြင်းခံရပြီး ဆောင်းပါးများ ဖြစ်ကြသည်။ အင်းစိန် ရွာမကျောင်းတိုက်မှ ဦးတိလောကက အမှာစာရေးပေးထားရာ၌ ဤစာအုပ်ဖတ်ရှုလေ့လာခြင်းအားဖြင့် သမိုင်းကြောင်း၊ နိုင်ငံကြောင်း၊ ဘာသာရေးအကြောင်း၊ ပထဝီဝင်အကြောင်း ဗဟုသုတများတိုးခြင်း၊ အမျိုးဘာသာသာသနာချစ်စိတ်များတိုးခြင်း၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ ဘာသာဂုဏ်၊ သာသနာဂုဏ်ကိုလည်း ပို၍ သိမြင်လာစေခြင်း၊ “ကုသခြင်းထက် ကြိုတင်ကာကွယ်ရေးက ပို၍ လိုအပ်သည်”ဆိုသည့်အတိုင်း အမျိုးဘာသာသာသနာ မပျောက်ပျက်ရေးအတွက် ကြိုတင်ကာကွယ်ဖို့လိုကြောင်း သိမြင်လာစေခြင်း အစရှိသည့် အကျိုးကျေးဇူးများ ရရှိစေမည်ဟု ရေးသားထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|