|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- ဒီမိုကရေစီ၊ ခွဲခြားဆက်ဆံခြင်းနှင့် မြေအောက်လှုပ်ရှား စာတမ်းများ
-
-
Author(s):
အောင်ဒင်
- Type: Myanmar Books
-
Category:
နိုင်ငံရေး
- No of Pages: 318
- Binding: Paperback
- Publication Month Year: Oct-2014
- Size: 13 cm x 21 cm
|
- Description: စာရေးဆရာ တာရာမင်းဝေ၏ အကိုရင်းဖြစ်ပြီး ၈၈ အရေးအခင်းမှ စတင်ကာ မြန်မာ့နိုင်ငံရေးတွင် ပြည်တွင်း, ပြည်ပမှနေ၍ လှုပ်ရှားခဲ့သူ၊ ယခုအခါ အမေရိကန်ပြည်ထောင်စု၌ အခြေချနေထိုင်ရင်း နိုင်ငံရေးလှုပ်ရှားမှုများ လုပ်ဆောင်လျက်ရှိသူ စာရေးသူက ယခုစာအုပ်တွင် မြန်မာ့နိုင်ငံရေးအပေါ် အနီးကပ် သတင်းအချက်အလက်များ၊ အဝေးက ခြုံငုံသုံးသပ်ချက်များ၊ နှိုင်းယှဉ်လေ့လာချက်များကို ဆောင်းပါး (၇) ပုဒ်ခွဲ၍ ရေးသားတင်ပြထားသည်။ ပါဝင်သောဆောင်းပါးများမှာ Tomorrow သတင်းဂျာနယ်တွင် ဖော်ပြခဲ့သော အပြိုပြိုအကွဲကွဲ တိုင်းပြည်၊ မြန်မာနိုင်ငံအတွက် ကောင်းနိုးရာရာ၊ မဇ္ဈိမနေ့စဉ်သတင်းစာတွင် ဖော်ပြခဲ့သော ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများ၊ ဖယ်ဒရယ်ပြည်ထောင်စု၊ ဖယ်ဒရယ်တပ်မတော်နှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ မြန်မာ့လူ့အဖွဲ့အစည်းနှင့် ခွဲခြားဆက်ဆံခြင်းများ၊ ခေတ်ရနံ့မဂ္ဂဇင်းပါ ဒီမိုကရေစီစနစ် ဘယ်လိုမှားယွင်းနေသလဲ၊ စာရေးသူ ၂ဝဝ၈ - ၂ဝ၁ဝ ခုနှစ်များအတွင်း ရေးသားခဲ့ပြီး မိုးမခမီဒီယာနှင့် အင်တာနက်ဘလော့များတွင် ဖော်ပြ၍ မြန်မာနိုင်ငံတွင်း လျှို့ဝှက်ဖြန့်ချိခဲ့သော မြေအောက်လှုပ်ရှားစာတမ်း (၅) ပုဒ်တို့ ဖြစ်ကြသည်။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက အမှာစာရေးပေးထားရာ၌ အမိမြန်မာနိုင်ငံနဲ့ မိုင်ပေါင်း သောင်းချီဝေးတဲ့ အရပ်ကနေ မြန်မာ့အရေး မျက်ခြေမပျက် လေ့လာရင်း ပွင့်ပွင့်လင်းလင်း ဖော်ပြထားတဲ့ သူ့အမြင် သူ့အတွေးများကို ဤစာအုပ်တွင် ဖတ်ရှုကြရမည်ဖြစ်သည်ဟု ဆိုထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|