|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: သီပေါမင်း ရတနာဂီရိသို့ ပါတော်မမူမီ ၁၅ နှစ်၊ မင်းတုန်းမင်း နတ်ရွာမစံခင် ၈ နှစ်၊ ခုနှစ်အားဖြင့် ၁၈၇ဝ ခုနှစ်က ဝီလီယန်စထရင်းစတီး ညီအစ်ကိုတို့ တည်ထောင်ခဲ့ပြီး သစ်တော၊ စိုက်ပျိုးရေး၊ ရေနံ၊ သွင်းကုန်၊ ထုတ်ကုန်လုပ်ငန်းများဖြင့် အောင်မြင်ကျော်ကြားခဲ့သော စတီးဘရားသားကုမ္ပဏီ၏ သမိုင်းကြောင်းကို လူထုဦးလှက ၎င်းကုမ္ပဏီမှ လူယုံပွဲစားတစ်ဦးထံမှတဆင့် မေးမြန်းမှတ်တမ်းတင်ရေးသားထားခြင်း ဖြစ်သည်။ သူတို့ ကုမ္ပဏီကို မည်သို့သော အရင်းအနှီးများဖြင့် စတင်တည်ထောင်ခဲ့ပုံ၊ မြန်မာပြည်တွင်း စေးကွက်ကိုမည်သို့ ရယူသွားခဲ့ပုံ၊ တိုင်းရင်းသားများကို အလုပ်အကိုင်ပေးနိုင်သလို သူတို့၏ အကျိုးအမြတ်ကိုလည်း အကျိုးရှိရှိ ရယူသွားခဲ့ပုံများ၊ ပွဲစားများ၏ ဘဝအထွေထွေ အစရှိသည်တို့ကို စီးပွားရေးရှုထောင့် အပါအဝင် ရှုထောင့်စုံမှ မှတ်တမ်းတင် ရေးသားထားသည်။
|
|
|
|
|
|
|
|
|