|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: ဆရာဇော်ဂျီ၏ အတ္ထုပ္ပတ္တိကို ကိုယ်ရေးအတ္ထုပ္ပတ္တိပုံစံမျိုးမဟုတ်ဘဲ စာပေအတ္ထုပ္ပတ္တိပုံစံဖြင့် ရေးသားမှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ မြို့မအထက်တန်းကျောင်း မြန်မာစာပြဆရာ၊ မန္တလေးဥပစာကောလိပ် မြန်မာစာနည်းပြဆရာ၊ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်မှူး၊ သမိုင်းကော်မရှင်ဥက္ကဋ္ဌ၊ ဂုဏ်ထူးဆောင် မြန်မာစာပါမောက္ခ စသည်ဖြင့် ရာထူးဌာနန္တရအသီးသီးတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး မြန်မာစာပေကို အကျိုးများစေခဲ့သူ၊ တပည့်လက်သားများအပေါ် ထောက်ထားညှာတာတတ်သော ဆရာကောင်း၊ မြန်မာစာပေ ပန်းဥယျာဉ်အတွင်းဝယ် ပန်းရောင်စုံ ဖူးပွင့်အောင် ဖန်တီးနိုင်ခဲ့သော ဥယျာဉ်မှူး၊ ခေတ်စမ်းဝတ္ထုတိုအပါအဝင် ဂန္ထဝင်မြောက် စာတင်လောက်သည့် စာကောင်းပေမွန်များကို ဖန်တီးရေးသားခဲ့သူ ဆရာဇော်ဂျီ၏ ဘဝနှင့် စာပေခရီးကို စာအုပ်မှတဆင့် အကဲဖြတ်နိုင်ကြမည် ဖြစ်သည်။ စာရေးသူသည် ဤစာအုပ်ဖြင့် ၁၉၉၄ ခုနှစ် စာပေဗိမာန်စာမူဆု၊ စာပဒေသာ ပထမဆုကို ဆွတ်ခူးနိုင်ခဲ့သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|