|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
|
- Description: ရည်ညွှန်းလုပ်ငန်းနှင့် ရည်ညွှန်းအထောက်အထားများအကြောင်းကို သဘောတရားပိုင်းရော လက်တွေ့ပိုင်းပါ ကျယ်ကျယ်ပြန့်ပြန့် ရေးသားထားသော စာအုပ်ဖြစ်သည်။ စာဖတ်သူများသည် မိမိလိုအပ်သော အကြောင်းအရာအချက်များကို အတိုတောင်းဆုံးအချိန်တွင် အလွယ်တကူရှာဖွေနိုင်ရန် ရည်ညွှန်စာအုပ်အမျိုးမျိုးကို အသုံးချတတ်ကြရာ ပြည့်စုံကောင်းမွန်သော ရည်ညွှန်းစာအုပ်တစ်အုပ်ဖြစ်စေရန်အတွက် ရည်ညွှန်းပညာရပ်သည် များစွာအရေးကြီးလှသည်။ ထို့ပြင် စာကြည့်တိုက်သမားများ၊ ဝန်ထမ်းများအတွက်လည်း ထိုပညာသည် တိုက်ရိုက်သက်ဆိုင်ပြီး မဖြစ်မနေတတ်မြောက်ထားရမည့် ပညာရပ်လည်းဖြစ်သည်။ ယခုစာအုပ်တွင် ရည်ညွှန်းအထောက်အထားအမျိုးမျိုးကို ရှင်းလင်းတင်ပြထားသလို စာကြည့်တိုက်အမျိုးမျိုးနှင့် ရည်ညွှန်းစာကြည့်တိုက်အကြောင်းကိုလည်း အသားပေးဖော်ပြထားသည်။ ခေတ်အဆက်ဆက်က ထုတ်ဝေခဲ့သည့် ရည်ညွှန်းစာအုပ်ကောင်းများအကြောင်းနှင့် ရည်ညွှန်းသင့်သော စာအုပ်များအကြောင်းကိုလည်း အသေးစိတ်ရှင်းလင်းထားသည်။ ရည်ညွှန်းလုပ်ငန်းများ၊ ရည်ညွှန်းအထောက်အထားများနှင့် စုဆောင်းရွေးချယ်ခြင်း၊ သုတပညာ၊ သုတေသနမိတ်ဆက်၊ မြန်မာအက္ခရာစဉ်နှင့် မျိုးတူစုခြင်း၊ ရည်ညွှန်းမှတ်တိုင်များ၊ ရည်ညွှန်းအထောက်အထားများဖြစ်ကြသည့် အဘိဓာန်၊ စွယ်စုံကျမ်း၊ နှစ်ချုပ်၊ လမ်းညွှန်၊ အညွှန်း၊ အညွှန်းချုပ်၊ အတ္ထုပ္ပတ္တိအထောက်အထားများ ပြုစုပုံ ပြုစုနည်းများအပါအဝင် အခန်းခေါင်းစဉ်ပေါင်း ၁၉ ခုပါရှိသည်။ စာကြည့်တိုက်သမားများ၊ သုတေသနစာတမ်းပြုလုပ်မည့် ကျောင်းသူကျောင်းသားများ၊ စာရေးဆရာများအတွက် အထူးအသုံးဝင်မည့် စာအုပ်ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|