|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- ပဋိဘာနဉာဏဒဿနကထာကျမ်း
-
-
Author(s):
မဟာဗောဓိမြိုင်ဆရာတော်
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 899
- Binding: Hard Cover
- Publication Month Year: Aug-2004
- Size: 20 cm x 27 cm
|
- Description: ဝိပဿနာ မဂ်ဖိုလ်ခေါ်သော ဉာဏ်လမ်းသို့ တမ်းလှမ်းလိုသူ တရားရှာမှီးလေ့ရှိသော ဓမ္မေသကတို့အတွက်ရည်ရွယ်၍ ဉာဏ်လမ်းသို့ တက်လှမ်းမည့်သူများ ဉာဏ်ပဋိဘန် ရင့်သန်စေရန် တွန်းအားပေးလို၍ လည်းကောင်း၊ ဉာဏ်လမ်းသို့ တက်လှမ်းပြီးသူများအတွက်လည်း အတွေးအခေါ်ဖြင့် ဉာဏ်ပဋိဘန် အမြင်မှန်စေရန်အတွက်လည်းကောင်း မဟာဗောဓိမြိုင်ဆရာတော်က ကျမ်းတစ်ဆူအဖြစ် ရေးသားရှင်းလင်းထားခြင်းဖြစ်သည်။ ပဋိဘန်ခေါ် တစ်ခဏချင်း ထိုးထွင်းသိစေသောဉာဏ် ရင့်သန်စေခြင်း၊ အတွေးအခေါ်ဉာဏ် ရင့်သန်စေခြင်းတို့၏ စကားစဉ်များကို ဤကျမ်းတွင် ဖတ်ရှုလေ့လာကြရမည်ဖြစ်သည်။ စာအုပ်ကို ဌပနာပိုင်း၊ ဘာဝနာပိုင်းဟူ၍ ၂ ပိုင်းခွဲထားရာ ဌပနာပိုင်းတွင် ဓမ္မစကြာသုတ်၏ အဖွင့်ကိုလည်းကောင်း၊ ဘာဝနာပိုင်းတွင် အလုပ်ခွင်သုံးဖြစ်သော မဟာသတိပဋ္ဌာနသုတ်၏ အဖွင့်ကိုလည်းကောင်း ဦးတည်ရှင်းလင်းထားသည်။ တဖန် ဘာဝနာပိုင်းကို အပိုင်းငယ် ၃ ပိုင်း ပြဆိုထားရာ သုတပိုင်း၌ မဟာသတိပဋ္ဌာနသုတ်၏ လိုရင်းကောက်နုတ်ချက်အကျဉ်း၊ စိန္တာပိုင်း၌ ၎င်းကို အခြေခံထားသော အတွေးအခေါ်အကျယ်ပိုင်း၊ ဘာဝနာပိုင်း၌ကား တကယ်အားထုတ်သူ၏ ကိုယ်တွေ့တွေ့မြင်ပုံ အစရှိသည်ဖြင့် မဟာသတိပဋ္ဌာနသုတ်ကို စာတွေ့နှင့် ကိုယ်တွေ့ကို ပေါင်းစပ်လျက် မဟာဗောဓိမြိုင်ဆရာတော်က ကျယ်ကျယ်ပြန့်ပြန် ရေးသားဖွင့်ဆိုရှင်းလင်းထားသည်ကို တွေ့ရသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|