|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
- လူ့သဘာဝတရား ၁၄ ပါးကို ဖွင့်ဆိုရှင်းပြတဲ့ လူဆိုတဲ့လူ အစွမ်းအစရှိတဲ့လူ
-
-
Author(s):
ညီညီနိုင်
- Type: Myanmar Books
-
Category:
လူမှုရေးနှင့် စိတ်ပညာ
- No of Pages: 191
- Binding: Paperback
- Publication Month Year: Dec-2009
- Size: 12 cm x 18 cm
|
- Description: ကမ္ဘာကျော် ကြီးပွားရေးကျမ်းပြု ဒဿန စာရေးဆရာကြီး Herbert.N.Casson ရေးသားသည့် How To Understand Human Nature စာအုပ်ကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ စာအုပ်တွင် လူကို ဗဟိုပြု၍ နှိုက်နှိုက်ချွတ်ချွတ် လေ့လာဆန်းစစ်ထားသည့် လူ့သဘာဝအဖွဲ့များကို ဖတ်ရှုကြရမည်ဖြစ်သည်။ ထို့ပြင် လူ့သဘာဝ ၁၄ ပါးဆိုသည့် အခြေခံသဘောတရားများကို ဖော်ထုတ်ပြီး ရှုထောင့်မျိုးစုံမှ သုံးသပ်ရှင်းလင်းပြဆိုထားသည်။ စာအုပ်ပါအခန်းများမှာ လိုချင်တပ်မက်ကြတာ လူ့သဘာဝ၊ ခံစားကြတာ လူ့သဘာဝ၊ စိုးရိမ်ကြောက်လန့်တတ်တာ လူ့သဘာဝ၊ အတုယူတတ်တာ လူ့သဘာဝ၊ ကွဲပြားခြားနားမှုရှိတာ လူ့သဘာဝ၊ သက်ဝင်ယုံကြည်မှုနှင့် လူ့သဘာဝ၊ အတွေးအခေါ်နှင့် လူ့သဘာဝ၊ အကျင့်ဓလေ့နှင့် လူ့သဘာဝ၊ ပြုပြင်ပြောင်းလဲခြင်းနှင့် လူ့သဘာဝ၊ ချီးမွမ်းမှု အပြစ်တင်မှုနှင့် လူ့သဘာဝ၊ ခေါင်းဆောင်မှုကို လေးစားခြင်းနှင့် လူ့သဘာဝ၊ ဖို, မကိစ္စနှင့် လူ့သဘာဝ၊ သိစိတ်၊ မသိစိတ် ယှဉ်တွဲနေတာ လူ့သဘာဝ၊ စံနမူနာ ထားမှုများနှင့် လူ့သဘာဝတို့ ဖြစ်ကြသည်။ ဘဝအောင်မြင်ရေးတွင် အတူတူ လူလူချင်း နားလည်မှုရှိစွာ ပေါင်းသင်းဆက်ဆံရေး၊ လက်တွဲလုပ်ကိုင်ရေး၊ လောကကောင်းကျိုးဆောင်ရေး၊ ကိုယ်ချင်းစာတရားနှင့် ကြင်နာစိတ်တွေထားပြီး အပြန်အလှန် ကူညီရိုင်းပင်းရေး၊ ဟန်ဆောင်လှည့်ဖြားမှုနှင့် လူတန်းစား ခွဲခြားမှု ပပျောက်ရေးတွေက ဒီစာအုပ်ရဲ့ ရည်မှန်းချက်တွေပဲ ဖြစ်ပါလိမ့်မည်ဟု ဆိုထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|