|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: Nicholas Kristofနှင့် Sherly Wuddunတို့ ဇနီးမောင်နှံ ပူးတွဲရေးသားထားသည့် Half The Sky (How to change the world)ကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ တစ်ကမ္ဘာလုံးတစ်လွှားရှိ အမျိုးသမီးများကို ညှင်းပန်းနှိပ်စက်နေကြသော စာရင်းဇယားသည် ကမ္ဘာရွာဟု ခေါ်သော ယခုခေတ်ကြီးတွင်ပင် အံ့သြလောက်အောင် ကြီးမားနေသည်။ (နှစ် ၅ဝ အတွင်း) မိန်းကလေးအဖြစ် မွေးဖွားခြင်းကြောင့် အသတ်ခံရသော ကလေးဦးရေသည် ၂ဝ ရာစု၏ စစ်ပွဲအားလုံးတွင် သေဆုံးသော အမျိုးသားများထက် များနေသလို လိင်ခွဲခြားမှုကြောင့် ပုံမှန် အသတ်ခဲ့နေရသော မိန်းကလေးများသည် ၂ဝ ရာစု၏ လူမျိုးတုံး သတ်ဖြတ်ရေးကြောင့် သေဆုံးသော လူဦးရေထက်ပင် များပြားနေသေးသည်။ ဤစာအုပ်၏ မူရင်းစာအုပ်အမည်မှာ တရုတ်စကားပုံတစ်ခုကို ယူသုံးထားခြင်းဖြစ်သည်။ ကမ္ဘာလောကရှိ သတ္တဝါများသည် ကျားနှင့် မ ဟူသော လိင် ၂ မျိုးသာရှိရာ ခေတ်မီဖွံ့ဖြိုးတိုးတင်လိုသောနိုင်ငံ တည်ဆောက်လိုလျှင် လူဦးရေ တစ်ဝက်ရှိသော အမျိုးသမီးများ၏ လုပ်အားမပါဘဲ လုပ်ဆောင်၍ မရကို ဆိုလိုခြင်းဖြစ်သည်။ စာအုပ်တွင် ကမ္ဘာအနှံ့ရှိ အမျိုးသမီးများ ကျား,မ ခွဲခြားခြင်းကို ဆိုးရွားစွာ ခံနေရပုံနှင့် သူတို့အတွက် လူမှုကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် အခြေအနေကို ကွက်ကွက်ကွင်းကွင်းမြင်အောင် မှတ်တမ်းတင် ရေးသားပြုစုထားသည်။ တရုတ်၊ အိန္ဒိယ၊ အာဖရိကနှင့် အခြားနိုင်ငံများတို့ရှိ အမျိုးသမီးတို့၏ ကြေကွဲဖွယ် ဖြစ်စဉ်များနှင့် သက်ဆိုင်ရာ နိုင်ငံများ၏ ဓလေ့ထုံးစံများကြောင့် အခြေအနေပိုမိုဆိုးရွားနေပုံများကို စာအုပ်တွင် ဖတ်ရှုကြရမည်ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|