|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: မျိုးချစ်သူရဲကောင်း အာဇာနည် ဆရာစံ မွေးဖွားချိန်မှစတင်ကာ ကြိုးပေးခံရချိန်အထိ ဆရာစံ၏ ဘဝဖြစ်စဉ်ကို မှတ်တမ်းတင်ရေးသားထားသော စာအုပ်ဖြစ်သည်။ ဆရာစံ၏ ဆွေစဉ်မျိုးဆက် ဇယား၊ ဘဝကြင်ဖော်၊ ဆရာစံ မျိုးချစ်စိတ် လူမှုရေးမှ နိုင်ငံအရေးသို့ ကူးပြောင်းခဲ့ပုံ၊ ဂျီစီဘီအေ သာမန်အသင်းသားဘဝမှ ဗဟိုအမှုဆောင်အဖြစ်သို့ ရောက်ရှိခဲ့ပုံ၊ ၎င်းအသင်းတွင် တင်သွင်းခဲ့သည့် ဆရာစံ၏ အစီရင်ခံစာ၊ ဆရာစံ ဂျီစီဘီအေနှင့် လမ်းခွဲခဲ့ပုံ၊ ဆရာစံ ဦးဆောင် ဖွဲ့စည်းခဲ့သည့် ဂဠုန်တပ်မဟာကြီးအကြောင်း၊ တုတ်ပြီး ဓားပြီး အင်းအိုင်ခလဲ့များဖြင့် နာမည်ကျော်သည့် စရာစံ၊ သုပံဏ္ဍကဂဠုနရာဇာဘွဲ့ခံယူပုံ၊ တောင်သူလယ်သမား အရေးတော်ပုံ စတင်ခဲ့ပုံ၊ နာမည်ကျော် ဂဠုန်ပျံဝဲ တိုက်ပွဲ၊ ဝဲရွာတိုက်ပွဲ၊ ဖားရွှေကျော်တိုက်ပွဲများတွင် မြန်မာ့သွေးရဲကြောင်း ပြခဲ့ပုံ၊ နယ်ချဲ့အစိုးရ၏ ဆုငွေထုတ်ခြင်း ခံရပုံ၊ ဆရာစံ၏ ထကြွပုန်ကန်မှုသည် နှစ်ပေါင်းကြာလာသည်နှင့်အမျှ နယ်ချဲ့တို့၏ လက်နက်အင်အား၊ လူအင်အားကို မယှဉ်နိုင်တော့ဘဲ အင်အားချိနဲ့လာပုံ၊ နောက်ဆုံးတွင် ဒဏ်ရာနှင့် ထွက်ပြေးချိန်၌ ဖမ်းဆီးခံရပြီး ကြိုးပေးခံခဲ့ရပုံများကို အသေးစိတ် မှတ်တမ်းတင် ရေးသားထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|