|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: ဖခင်ဖြစ်သူ ဗိုလ်မှူးကြီးစောမြင့် (ငြိမ်း) (ကလောင်အမည် မှူးသမိန်)၏ လက်ငုတ်လက်ရင်း အမွေအနှစ်ဖြစ်သော မဟေသီမဂ္ဂဇင်းတွင် အယ်ဒီတာချုပ်အဖြစ် တာဝန်ထမ်းဆောင်ရင်း ဝါသနာအလျောက် ဆောင်းပါး၊ ဝတ္ထုများကိုလည်း ရေးသားလျက်ရှိသူ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာယုဇနစောမြင့်၏ ဝတ္ထုတို ၁၃ ပုဒ် စုစည်းမှု စာအုပ်ဖြစ်သည်။ စာအုပ်ပါ ဝတ္ထုများသည် အပျော်ဖတ်ဝတ္ထုများ မဟုတ်ကြဘဲ စာဖတ်သူကို အနည်းဆုံး တစ်ခုခုတော့ ပေးသွားတဲ့ အဆင့်မြင့်ဝတ္ထုတွေဟုမြင်ကြောင်း၊ သုတပိုင်း, ဓမ္မပိုင်းတွေမှာတောင် ဆွဲဆောင်မှုကောင်းကောင်းနဲ့ ရသမြောက်ခြယ်မှုန်းထားတာ လက်ကချမရကြောင်း အစရှိသည်ဖြင့် မဟေသီမဂ္ဂဇင်းမှ အုပ်ချုပ်ရေးမှူး သီဟသူရဦးစိုးသိမ်းက အမှာစာတွင်အမွှမ်းတင်ထားသလို မဟေသီမဂ္ဂဇင်းမှ တာဝန်ခံအယ်ဒီတာ ဝင်းသူကကလည်း အကြောင်းတစ်စုံတစ်ရာကို ပေါ်လွင်အောင် တင်ပြရာ၌ တင်ပြပုံ တင်ပြနည်းမှာ စာဖတ်ပရိသတ်အကြိုက်ကို သိထားသည့်အလား အရွှင်ဓာတ်ဖြင့် ရေးသားထားကြောင်း၊ ထို့ကြောင့် သူ့စာများသည် လေးပင်မနေတတ်ဘဲ ခပ်ရွှင်ရွှင်၊ ခပ်သွက်သွက်ဖြင့် ပရိသတ်ကို ဆွဲခေါ်သွားနိုင်ကြောင်း ချီးကျူးထားသည်။ စာရေးသူသည် ဤစာအုပ်ကို သူ၏ ကလောင်ခွဲဖြစ်သည့် ယုယ (ဆေး ၁) အမည်ဖြင့် ရေးသားထားခြင်း ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|