|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- မြန်မာစာပေနှင့် ဇာတ်သဘင်နယ်တို့တွင် ပျို့ကဗျာလင်္ကာနှင့် ထူးဆန်းအံ့ဩဖွယ်ဇာတ်လမ်းများနှင့် ထင်ရှားလှပြီး လောကီ လောကုတ် နှစ်ဖြာ အကျိုးရှိလှသော ဇင်းမယ်ပဏ္ဏာသ ဇင်းမယ်ဝတ္ထု (၅၀)
-
-
Author(s):
တက္ကသိုလ်သျှင်သီရိ
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 324
- Binding: Paperback
- Publication Month Year: Jan-2014
- Size: 18 cm x 25 cm
|
- Description: ထေရဝါဒ ပိဋကတ်သုံးပုံတွင် ပါဝင်ခြင်း မရှိသော်လည်း ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်ခြင်း၊ အလှူပေးခြင်း၊ သီလဆောက်တည်ခြင်း၊ မိဘတို့ကို လုပ်ကျွေးပြုစုခြင်း၊ သစ္စာအဓိဋ္ဌာန်ပြုခြင်း စသော လောကီ, လောကုတ္တရာ အကျိုးများစွာ ဖြစ်ထွန်းစေသည့် ဇာတ်လမ်းဝတ္ထုများဖြစ်ခြင်းကြောင့် ထေရဝါဒ ဗုဒ္ဓသာသနာတွင် ဇင်းမယ်ပဏ္ဏာသကို လက်ခံထားသည်ကို တွေ့ရမည် ဖြစ်သည်။ ယခုစာအုပ်သည် ဇင်းမယ်ပဏ္ဏာသပါ ဇင်းမယ်ဝတ္ထု (၅ဝ)ကို မူရင်းပါဠိတော် ဆိုလိုချက်အရသာမပျက်စေဘဲ မြန်မာဘာသာသို့ ပြန်ဆိုထားခြင်း ဖြစ်သည်။ စာအုပ်ပါ ဝတ္ထုတော်များကို ဖတ်ရှုလေ့လာခြင်းအားဖြင့် ဒါန, သီလတို့၏ ပစ္စုပ္ပန် တမလွန် အကျိုးပေးမှုများ၊ ဘုရားဆုပန်ပုံများ၊ ယောက်ျားကောင်းတို့၏ ဇွဲ လုံ့လဝီရိယ အားထုတ်မှုများ၊ မိန်းမကောင်း မိန်းမမြတ်တို့၏ မယားကောင်း ပီသမှုများ၊ သစ္စာအဓိဋ္ဌာန်ပြုသဖြင့် လက်တွေ့အကျိုးရပုံများ၊ မိဘကျေးဇူးသိသဖြင့် နတ်သိကြားတို့၏ ကူညီဖေးမှုရခဲ့ကြပုံများ၊ ကထိန်အလှူအကျိုးများ အပြင် မင်းမဲ့တိုင်းပြည်များတွင် ဖုတ်သွင်းရထားလွှတ်ပုံများ၊ ကျွန်စနစ်၊ ရွှေပြား၍ ရုပ်တုပန်းချီရေးသည့် အတတ်၊ ပင်လယ်ရပ်ခြားတွင် ကုန်ကူးသန်းသွားလာမှုရှိပုံ၊ မင်းကျင့်တရားလိုက်နာက တိုင်းပြည်သာယာဝပြောပုံ၊ စစ်အင်္ဂါလေးပါးရှိပုံ၊ မင်းမြှောက်တန်ဆာ ငါးပါးရှိပုံစသည့် ခေတ်၏ သမိုင်း၊ ယဉ်ကျေးမှု၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာများကိုပါ လေ့လာတွေ့ရှိကြရမည် ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|