|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: ပြင်းပြသည့် စိတ်ဝိညာဉ်ဆိုင်ရာ ယုံကြည်မှုရှိသူဖြစ်ပြီး ရုပ်နယ်လွန်ပညာရပ်ကို အထူးစိတ်ဝင်စားသူ “တိုနီဘွတ်ဘီ” ရေးသားပြီး ကမ္ဘာကျော် “နက်စက်”မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည့် “ရှမ်ဗားလား သို့မဟုတ် လျှို့ဝှက်အမတတောင်ကြား” ဆောင်းပါးများကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ လူအများ ဝေ့လည်လည်ဖြစ်နေသည့် ရှမ်ဗားလားနှင့် ရှမ်ဂရီလာတို့အကြောင်းနှင့်တကွ နှီးနွယ်နေသည့် အကြောင်းခြင်းရာများကို ဤစာအုပ်တွင် စိတ်ဝင်စားဖွယ် ဖတ်ရှုလေ့လာကြရမည် ဖြစ်သည်။ ရှမ်ဗားလား သို့မဟုတ် လျှို့ဝှက်အမတတောင်ကြား၊ ကျောက်စိမ်းမျှော်စင်၊ အမတတောင်ကြားရဲ့ လျှို့ဝှက်ဝင်ပေါက်တံခါး၊ လျှို့ဝှက်ဆန်းကြယ်သည့် တောင်ပေါ်သားများအကြောင်း၊ အဆင်မြင့်စိတ်ဝိညာဉ်ဆိုင်ရာ ယဉ်ကျေးမှု၏ ပျောက်ဆုံးသွားသော အိုအေစစ်၊ ရှမ်ဗားလားကိုယ်တွေ့ မျက်မြင်မှတ်တမ်းများ၊ ဟိမဝန္တာတစ်ကြောမှ “စတုန်းဟန့်”၊ တိဗက်မှ အခြားအံ့ဖွယ်ဖြစ်ရပ်ဆန်းများ၊ သိဒ္ဓိဝင်တောင်ဝှေးရဲ့ ထူးခြားဆန်းကြယ်မှုများ၊ ဟိမဝန္တာမှ ထူးခြားတဲ့ယာဉ်၊ ဟိမဝန္တာမှ မြေအောက်တိုက်ခန်းများ၊ အဖြူရောင်ပိရမစ်နှင့် ရှမ်ဗားလားတြိဂံ၊ စိတ်ဝင်စားဖွယ် တိဗက် “ရော့ဝယ်”၊ သလင်းကျောက် နဂါးလှိုဏ်ဂူအကြောင်း၊ ရုရှားသိပ္ပံပညာရှင်များ၏ အလွန်သိမ်မွေ့နူးညံ့သည့် နေစကြာဝဠာစနစ်အပေါ် ရှုမြင်ချက်၊ ရှမ်ဗားလားမှ ဓာတ်ခွဲခန်းများ၊ ရှမ်ဗားလားဒဏ္ဍာရီများအကြောင်းတို့ကို အသေးစိတ် ဖတ်ရှုလေ့လာနိုင်ကြမည် ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|