|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
- ရင်သွေးငယ်အတွက် အိမ်တွင်းသမားတော်
-
-
Author(s):
ဒေါက်တာမာမာဆွေ
- Type: Myanmar Books
-
Category:
ကျန်းမာရေးနှင့် ဆေးပညာ
- No of Pages: 297
- Binding: Paperback
- Publication Month Year: Dec-2001
- Size: 13 cm x 20 cm
|
- Description: အိမ်ထောင်စုတိုင်းတွင် မိမိတို့ရင်သွေးငယ်များ နေထိုင်မကောင်းဖြစ်ပါက တစ်အိမ်လုံးရှိ သက်ဆိုင်ရာလူကြီး မိဘများအားလုံး ခြေမကိုင်မိလက်မကိုင်မိ ဖြစ်ကာ အလွန်အမင်း ပူပင်သောကဖြစ်တတ်ကြသည်။ ထိုသို့နေထိုင်မကောင်းဖြစ်ပါက စိတ်သောကရောက်ပြီး လုပ်မိလုပ်ရာများ မလုပ်ဖြစ်ရန်အရေးကြီးသည့်အတွက် မိမိတို့ကလေးတွင် အရေးပေါ်ကျန်းမာရေး ပြဿနာများနှင့် ကြုံတွေ့လာသည့်အခါ ဘယ်လိုစောင့်ရှောက်မှုများပေးရမလဲဆိုသည့် အခြေခံကျန်းမာရေးအသိ မိဘတိုင်းတွင် ရှိထားသင့်သည်။ ထို့ပြင် ဆရာဝန်နှင့်လက်လှမ်းမမီနိုင်သည့် အခြေအနေ အချိန်အခါမျိုးတွင် မိမိတို့ရင်သွေးငယ်များကို ကိုင်တိုင်ဖေးမစောင့်ရှောက်မှု ပေးနိုင်ရန်ရည်ရွယ်၍ ထုတ်ဝေလိုက်ခြင်းဖြစ်သည်။ ဤစာအုပ်တွင် ရင်သွေးငယ်များနှင့်ပတ်သက်၍ ကျန်းမာရေးပြဿနာများကို အပြည့်စုံဆုံး၊ ခေတ်အမီဆုံး သတင်းအချက်အလက်များ၊ လက်ရှိကုသဖြေရှင်းနည်းများပါမကျန် ဖော်ပြပေးထားပြီး၊ မည်သို့သော အခြေအနေဆိုလျှင် မိသားစုဆရာဝန်(သို့မဟုတ်) အထူးကုဆရာဝန်ထံသွားပြဖို့ လိုအပ်သည် စသည်ဖြင့် ပြည့်ပြည့်စုံစုံရေးသားထားသဖြင့် မိဘတိုင်းအတွက် အထူးလက်ကိုင်ထားသင့်သော စာအုပ်ဖြစ်သည်။ ကိုယ်ပူဖျားသော ကလေးငယ်အား ပြုစုစောင့်ရှောက်ခြင်း၊ ကူးစက်ရောဂါများ ဖြစ်ပွားခြင်း၊ အရေပြား ဆံပင် ခြေသည်း လက်သည်းများ၏ ရောဂါများအကြောင်း၊ ဆီးနှင့် မျိုးပွားအင်္ဂါများ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ၊ အစာခြေအဖွဲ့အစည်းများ၊ အရိုး အကြော အဆစ်နှင့် ကြွက်သားရောဂါများ၊ ဦးနှောက်အာရုံကြောဆိုင်ရာ အင်္ဂါအဖွဲ့အစည်းများ၊ မျက်စိ နား နှာခေါင်းနှင့် ခံတွင်းဆိုင်ရာ ရောဂါများအပါအအဝင် ကလေး ကျန်းမာရေးပြဿနာများကို အခန်း ၉ ခန်းခွဲကာ ရှင်းပြထားပြီး ရောဂါလက္ခဏာ၊ စိုးရိမ် ရ,မရ၊ ဆရာဝန်ပြသရန် လို,မလို၊ ဆရာဝန်စမ်းသပ်ပေးမည့် အချက်များနှင့် သင်လုပ်ပေးနိုင်မည့် အချက်များအပါအဝင် မိဘတစ်ဦး သိသင့်သည်များကို ပြည့်ပြည့်စုံစုံ ဖတ်ရှုကြရမည်ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|