|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူချိန်မှသည် ခေတ်အဆက်ဆက် ပိဋကတ်ကို အာဂုံဆောင်ခဲ့ကြသော ရဟန်းတော်များအကြောင်းနှင့်တကွ ယနေ့ခေတ်တွင် ပေါ်ထွန်းခဲ့သော တိပိဋကဓရ မင်းကွန်းဆရာတော်အကြောင်းကို အသေးစိတ် မှတ်တမ်းတင်ထားသော စာအုပ်ဖြစ်သည်။ မြတ်စွာဘုရားဟောကြားတော်မူခဲ့သော ပိဋက ၃ ပုံအကြောင်း၊ အဋ္ဌကထာများအကြောင်း၊ အရှင်အာနန္ဒာအပါအဝင် ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင် နှုတ်ငုံဆောင်ခဲ့သော သာသာနာ့ အာဇာနည် သူရဲကောင်းများအကြောင်း၊ သီဟိုဠ်ကျွန်းမှ ပိဋကတ်သုံးပုံ အာဂုံဆောင်သူများအကြောင်း၊ ဗားကရာဆရာတော်၊ ခင်ကြီးဖျော်ဆရာတော် အပါအဝင် မြန်မာမင်းများ လက်ထက်တော်မှ တိပိဋက ကျမ်းတတ်များအကြောင်း၊ အရှင်ဝိစိတ္တသာသရ ဖွားမြင်ပုံနှင့် ဇာတိ၊ ဆရာတော်၏ ရုပ်ရည် လက္ခဏာ၊ ငယ်စဉ်ကတည်းက စာပေလိုက်စားပြီး သူမတူအောင် ဉာဏ်ရည်ကြီးများခဲ့ပုံ၊ ထိုသို့ ပညာထူးချွန်မှုကြောင့် ဒေါ်ဓမ္မစာရီနှင့် ဆာဦးသွင်တို့၏ စောင့်ရှောက်ခြင်းကို ခံရပုံ၊ သကျသီဟစာမေးပွဲအပါအဝင် စာမေးပွဲများကို နှစ်ချင်းပေါက် ဖြတ်ကျော်အောင်မြင်ခဲ့ပုံ၊ တိပိဋကစာမေးပွဲအကြောင်း သိကောင်းစရာများ၊ ဆရာတော်၏ စာမေးပွဲဝင်ရန် ကြိုးစားအားထုတ်ခဲ့မှုများ၊ ခက်ခဲလှသော တိပိဋကစာမေးပွဲကို အောင်မြင်ခဲ့ပုံ၊ ဆရာတော်ထမ်းဆောင်ခဲ့သည့် သာသနာ့တာဝန်ကြီးများ၊ ရရှိခဲ့သော ဘွဲ့တံဆိပ်တော်များအပါအဝင် မင်းကွန်းဆရာတော်အကြောင်းကို အသေးစိတ် မှတ်တမ်းတင်ထားသည်။ (မှတ်ချက်။ ။ ဤစာအုပ်သည် အသစ် ပြန်လည်ထုတ်ဝေသော စာအုပ်မဟုတ်ဘဲ ယခင်ရိုက်နှိပ်ခဲ့သော အကြိမ်များမှ လက်ကျန်စာအုပ်များကို ရှာဖွေ၍ ရောင်းချခြင်းဖြစ်ပါသည်။ လက်ကျန် ၁ အုပ်သာရှိပါ၍ အမြန်မှာယူမှသာလျှင် စိတ်ချရမည့် စာအုပ်ဖြစ်ပါသည်။)
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|