|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- နိုင်ငံရေးသမားဟောင်းကြီး သခင်တင်မြနှင့်တွေ့ဆုံခြင်း
-
-
Author(s):
မြတ်ခိုင်
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 171
- Binding: Paperback
- Publication Month Year: Aug-2009
- Size: 14 cm x 21 cm
|
- Description: လျှပ်တစ်ပြက်ဂျာနယ်ပါ သခင်တင်မြနှင့် မြတ်ခိုင်တို့၏ နိုင်ငံရေး အင်တာဗျူးများကို စုစည်းထုတ်ဝေထားခြင်းဖြစ်သည်။ အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်၊ ဖ.ဆ.ပ.လခေတ်၊ လမ်းစဉ်ပါတီခေတ်တို့တွင် ရှင်ကြီးဝမ်းရော၊ ရှင်ငယ်ဝမ်းရော ဝင်ခဲ့ဖူးသူ၊ မြန်မာနိုင်ငံရေးလောကတွင် အကြီးကျယ်၊ အထင်ရှားဆုံး ခေါင်းဆောင်တွေ အားလုံးနဲ့ နီးနီးစပ်စပ် လက်ပွန်းတတီးနေခဲ့ပြီး နိုင်ငံရေး တွဲလုပ်ခဲ့ဖူးသူ၊ အတိုက်အခံ နိုင်ငံရေးသမားဘဝ၊ လက်နက်ကိုင် တော်လှန်ရေးသမားဘဝ၊ အာဏာရနိုင်ငံရေးသမားဘဝ၊ အာဏာရ အစိုးရနဲ့ အဆင်ပြေတဲ့ နိုင်ငံရေးသမားဘဝ အစရှိသည့် ခေတ်မျိုးစုံ ဘဝမျိုးစုံကို ဖြတ်သန်းခဲ့သူ သခင်တင်မြအား မြတ်ခိုင်က အင်တာဗျူးထားရာတွင် ဗိုလ်ချုပ်နေဝင်း၏ အကြံပေး ဖြစ်ခဲ့သည်ဆိုသည်မှာ ဟုတ် မဟုတ်၊ လမ်းစဉ်ပါတီနှင့် ပတ်သက်ခဲ့ပုံ၊ ဗိုလ်ချုပ်အောင်ဆန်းမှလွဲ၍ ဖ.ဆ.ပ.လခေါင်းဆောင်များ၊ ဗ.က.ပနှင့် အလံနီခေါင်းဆောင်များကို အရည်အချင်းမရှိသူများ၊ မရင့်ကျက်သူများဟု သခင်တင်မြ ရေးသည့်ကိစ္စ၊ သခင်သန်းထွန်းကို လုပ်ကြံတာ လမ်းစဉ်ပါတီဟုတ် မဟုတ်၊ လက်ရှိ နိုင်ငံရေးအခြေအနေနှင့် အမျိုးသားညီလာခံအပေါ် သူ၏ အမြင်၊ အမျိုးသားညီလာခံကို လက်ခံ မခံ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးတွဲလုပ်ခဲ့ပုံများ၊ ၂ဝ၁ဝ ရွေးကောက်ပွဲအပေါ် သူ၏အမြင်၊ သူပြုစုနေသည့် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ၊ လူပြောများနေသည့် သူ၏ အိမ်ထောင်ရေးအပါအဝင် စိတ်ဝင်စားဖွယ် အမေးအဖြေများပါရှိသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|