|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
|
- Description: ၂ဝဝ၉ ခုနှစ် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် အမေရိကန် သမ္မတ အိုဘားမားသည် ၂ဝဝ၉ ခုနှစ် ဇွန်လတွင်းက အီဂျစ်နိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ရာ ထိုခရီးစဉ်အတွင်း ကိုင်ရိုတက္ကသိုလ်တွင် မိန့်ခွန်း ပြောကြားခဲ့သည်။ ထိုမိန့်ခွန်း အပြည့်အစုံကို မူရင်းအင်္ဂလိပ်ဘာသာနှင့်တကွ ဘာသာပြန်သူ ဦးကျော်ဝင်း၏ မြန်မာပြန်ဆိုချက်နှင့်အတူ ပူးတွဲရိုက်နှိပ်ထားခြင်းဖြစ်သည်။ အမေရိကန်နှင့် ကမ္ဘာတစ်ဝန်းမှ မွတ်စလင်တွေကြားတွင် ဆက်ဆံရေးအသစ်တစ်ခု စတင်လို၍ ယခုခရီးစဉ်ကို ပြုလုပ်ခဲ့သော အိုဘားမားက ယခုမိန့်ခွန်းတွင် ကမ္ဘာသမိုင်းတလျှောက် အမေရိကန်နှင့် မွတ်စလင်တို့၏ ဆက်ဆံရေး၊ ငယ်စဉ်က မွတ်စလင်များ ကြီးစိုးရာ အင်ဒိုနီးရှားတွင် ကြီးပြင်ခဲ့ရသည့် အိုဘားမား၏ ငယ်ဘဝနှင့် အစ္စလာမ်ဘာသာ ထိတွေ့ခဲ့မှုများ၊ ၉/၁၁ တိုက်ခိုက်မှုကြောင့် အမေရိကန်တို့ အထိနာခဲ့ပုံ၊ အယ်(လ)ကိုင်းဒါး၊ တာလီဘန်တို့အပေါ် တိုက်ခိုက်ခဲ့ရမှုသည် မလွဲမရှောင်သာ၍ ဖြစ်ကြောင်းနှင့် အစ္စလာမ်ဘာသာ၊ မွတ်စလင် ကမ္ဘာကို ထိုးနှက်ခြင်း မဟုတ်ကြောင်း၊ အီရတ်၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်နိုင်ငံတို့တွင် အမေရိကန်တပ်များ ထားရှိရခြင်းအကြောင်းရင်းနှင့် တပ်များ ပြန်လည် ရုပ်သိမ်းရေးအစီအစဉ်၊ အီရန်ပြဿနာ၊ ဂျူး ပါလက်စတိုင်း ပြဿနာ၊ ဒီမိုကရေစီ၊ ဘာသာရေး လွတ်လပ်ခွင့်၊ အမျိုးသမီး အခွင့်အရေး၊ စီးပွားရေး ဖွံ့ဖြိုးမှုပြဿနာများနှင့် အမေရိကန် သဘောထား၊ အပါအဝင် မွတ်စလင်ကမ္ဘာအပေါ် အမေရိကန်တို့ ထားရှိသည့် သဘောထားများကို ပွင့်လင်းစွာဖြင့် ထုတ်ဖော်ပြောကြားထားသည်ကို တွေ့ရသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|