|
|
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
|
- Description: စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အိမ်တွင်း စက်မှုလက်မှုလုပ်ငန်းများကို ပေါင်းစည်းရေးသားထားစာအုပ်ဖြစ်သည်။ စိုက်ပျိုးနည်းများအကြောင်း ရေးသားထားရာတွင် သီးနှံပင်များ၏ သမိုင်း၊ ကြိုက်နှစ်သက်သော ရေမြေရာသီဥတု၊ စိုက်ပျိုးနည်းစနစ်၊ ပိုးမွှားကာကွယ်နှိမ်နင်းခြင်း၊ မိုးရေထိန်းသိမ်းပုံ၊ နွားချေးမြေသြဇာ သုံးစွဲပုံ၊ ဓာတ်မြေသြဇာအမျိုးအစားများ၊ မြေဆီလွှာဖွဲ့စည်းမှုနှင့် အချဉ်အငန်ဓာတ်၊ မျိုးစေ့ချနည်းအပါအဝင် စိုက်စနစ် အမျိုးမျိုးအကြောင်း၊ နှံစား၊ ဆီထွက်၊ ပဲမျိုးစုံ၊ သီးထပ်သီးညှပ်များ စိုက်ပျိုးပုံ၊ ပိုးမွှားများ အန္တရာယ်မှ ကာကွယ်ပုံများကိုလည်းကောင်း၊ မွေးမြူရေးအကြောင်းများတွင် တစ်နိုင်တစ်ပိုင် မွေးမြူရေး၊ စီးပွားဖြစ် မွေးမြူရေး၊ လူတစ်ဦး တစ်နိုင်မွေးမြူနိုင်သော ပမာဏ၊ မွေးမြူရေး တိရစ္ဆာန်တို့၏ သဘာဝ၊ ရောဂါနှင့် ကာကွယ်နှိမ်နင်းခြင်း၊ ခိုင်းနွား၊ အသားစားကြက်၊ ဥစားကြက်၊ ဘဲ၊ ဝက်၊ သိုး၊ ဆိတ်၊ နို့စားနွား မွေးမြူနည်းများ၊ မေထုန်မဲ့ သားစပ်ခြင်း၊ စီးပွားဖြစ် မွေးမြူသူများ သိထားရမည့် ရေ၊ အသားထွက်နှုန်း၊ အစာနှုန်းထားများ၊ မွေးမြူရေးကြက်အတွက် လိုအပ်ချက်ဖြစ်သည့် အပူချိန်၊ လေထု စိုထိုင်းဆ၊ အလင်းရောင်၊ အစာအဟာရအကြောင်းတို့ကိုလည်းကောင်း၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများအကြောင်း ရှင်းလင်းထားရာတွင် လယ်ယာထွက်ကုန် ကြိတ်ခွဲရေးလုပ်ငန်းများ၊ အထည်ရက်လုပ်ငန်းများ၊ ၊ မြေအိုးလုပ်ငန်း၊ သစ်သီယိုစုံလုပ်ငန်း၊ ဝါးလုပ်ငန်း၊ ကြိမ်လုပ်ငန်းနှင့် အခြားအိမ်တွင်းလက်မှုလုပ်ငန်းများအကြောင်းကို ပြည့်ပြည့်စုံစုံ ရေးသားထားသည်။ စာရေးသူသည် စိုက်ပျိုးရေးတက္ကသိုလ်များမှ သိပ္ပံဘွဲ့နှင့် ဒေါက်တာဘွဲ့များ ရရှိထားသူဖြစ်သည်။ စာရေးသူသည် ဤစာအုပ်ဖြင့် ၂ဝဝ၇ ခုနှစ်အတွက် အမျိုးသားစာပေဆု (သုတပဒေသာ (အသုံးချသိပ္ပံ)) ကို ရရှိခဲ့သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|