|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
|
- Description: ပုဏ္ဏားနက္ခတ်ဗေဒင်ဆရာကြီး ဦးရာမ၏ သားဖြစ်သူ ဆရာဒဂုန်သည် ၂ဝဝ၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံမှ လောကီပညာ ပါရဂူဘွဲ့ကို ရရှိခဲ့ရာ ဤစာအုပ်ပါ အကြောင်းအရာများမှာ ထိုပါရဂူဘွဲ့အတွက် တင်သွင်းသည့် The Mistical Art of Samaကျမ်းမှ အစိတ်အပိုင်းများကို ထုတ်နုတ်တင်ပြထားခြင်းဖြစ်သည်။ စာအုပ်တွင် အကြောင်းအားလျော်စွာ အားရှိစေသည့် အက္ခရာများအပေါ် အခြေခံ ရေးဆွဲထားသည့် စမပန်းချီများအကြောင်းကို အသေးစိတ် လေ့လာကြရမည်ဖြစ်သည်။ လောကီပညာဆိုင်ရာ အတတ်ပညာရပ်အမျိုးမျိုးတွင် တန်ခိုးရှိသော၊ တန်ခိုးကြီးသော၊ အကျိုးထူးသော လူပုံ၊ ရဟန်းသံဃာပုံ၊ ဘီလူးပုံ၊ နဂါးပုံ၊ နတ်ပုံ၊ ဘိုးတော်ပုံ၊ မယ်တော်ပုံ၊ တိရစ္ဆာန်ပုံများကို ဆောင်ထားခြင်းသူများအတွက် စီစဉ်ပေးထားခြင်းဖြစ်သည်။ စိတ်ဝင်စားဖွယ်ရာအချက်မှာ စာအုပ်ပါ စမပန်းချီပုံများ အားလုံးကို မြန်မာအက္ခရာ ၃၃ လုံးဖြင့် ရေးဆွဲထားခြင်းပင်ဖြစ်သည်။ ဆရာဒဂုန်က “ပန်းချီပညာအရပဲကြည့်ကြည့် တန်ခိုးအတွက် အဆောင်တစ်ခုအနေနဲ့ပဲကြည့်ကြည့် ကြည့်တဲ့ဖက်မှာ ခင်ဗျားကြည့်ချင်တာကို မြင်ရမှာ ဖြစ်ပါတယ်”ဟု လွန်ခဲ့သော နှစ်ပေါင်း ၃ဝဝ ခန့်ကပင် ကျော်ကြားနေသည့် စမပန်းချီအကြောင်း ညွှန်းဆိုထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|