|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
|
- Description: မြင်းခုံတိုင်မြို့စား၊ မင်းကြီးအတုလမဟာဓမ္မိကရာဇာဘွဲ့ရ လက်ဝဲသုန္ဒရ အမတ်ကြီး ဦးမြတ်စံ၏ ဘဝဖြစ်စဉ်ကို ရာဇဝင်အထောက်အထားများဖြင့် တိုက်ဆိုင်ညှိနှိုင်းကာ အတ္ထုပ္ပတ္တိစာအုပ်အဖြစ် သုတေသနပြု ရေးသားထားသော စာအုပ်ဖြစ်သည်။ အမတ်ကြီးသည် ညောင်ရမ်းခေတ် နောက်ဆုံးမင်းဆက် မဟာဓမ္မရာဇာဓိပတိ မြှောက်စားခဲ့သော စဉ့်ကိုင်နန်းစိုက်သည့် ကိုးသိန်းသခင် သတိုးမင်းခေါင်ထံတွင် လွှတ်ရုံးစာရေးအဖြစ် မင်းမှုထမ်းဘဝကို စတင်ခဲ့ပြီး အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ၊ နောင်တော်မင်းကြီး၊ ဆင်ဖြူရှင်မင်း၊ စဉ့်ကူးမင်း၊ ဖောင်းကားစား မောင်မောင်၊ ဘိုးတော်ဘုရား၊ ဘကြီးတော်မင်းတို့ လက်ထက်တိုင် မင်းရှစ်ဆက် အမှုထမ်းခဲ့သူဖြစ်သည်။ သူသည် အလောင်းမင်းတရား၏ ခြောက်ကျိပ်ရှစ်ယောက်ရှိသော သွေးသောက်တပ်ဖွဲ့တွင် တစ်ဦးအပါအဝင်ဖြစ်သလို တပ်တော်ရေး၊ တရားသူကြီးအပါအဝင် ရာထူးကြီးများကိုလည်း ထမ်းဆောင်ခဲ့သူဖြစ်သည်။ စာပေဖက်တွင်လည်း သာမန် မယ်ဘွဲ့၊ မောင်ဘွဲ့၊ ကျေးစေရတုများမှသည် ဝိနိစ္ဆယပကာသနီ ဓမ္မသတ်လင်္ကာပျို့၊ သာဓိနပျို့နှင့် စစ်ကျမ်းများ၊ စစ်သည်တော်ကျင့်ဝတ်များအကြောင်း ရေးဖွဲ့ထားသည့် နန္ဒိသေနပျို့၊ စစ်ချီ စစ်တက် နည်းဗျူဟာများအကြောင်းရေးဖွဲ့ထားသည် သေနင်္ဂဗျူဟာပျို့၊ စစ်ဆင်နည်းများအကြောင်း ရေးဖွဲ့ထားသည့် ဗျူဟစက္ကိပျို့တို့ကို ရေးဖွဲ့ခဲ့သူဖြစ်သည်။ ထိုကဲ့သို့ လက်ရုံးရည်ရော၊ နှလုံးရည်ပါ ပြည့်ဝသည့် စာဆိုစစ်သည် စွယ်စုံပညာရှိ အကျော်အမော် လက်ဝဲသုန္ဒရ အမတ်အကြောင်းကို သူဖွားမြင်ခဲ့ပုံ၊ ပညာသင်ကြားခဲ့ပုံ၊ မင်း ၈ ဆက်တွင် အမှုထမ်းခဲ့ပုံ၊ သူရေးစပ်ခဲ့သည့် ရတု ၅၅ ပုဒ်အကြောင်း၊ သူ၏ စာပေလက်ရာများကောက်နုတ်ချက်၊ သူ၏ ဆွေစဉ်မျိုးဆက်ဇယားနှင့်အတူ ဤစာအုပ်တွင် ပြည့်ပြည့်စုံစုံ ဖတ်ရှုကြရမည်ဖြစ်သည်။ စာရေးသူသည် လက်ဝဲသုန္ဒရ အမတ်ကြီး ဦးမြတ်စံ၏ ကျွတ်တော်သူ မိခင်နှင့် ဆက်တော်သူ ဖခင်တို့မှ မွေးဖွားခဲ့သူ တစ်ဦးဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|