|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
|
- Description: ၃-၁ဝ-၁၉၈၈ နေ့ထုတ် Newsweek စာစောင်တွင် ပါရှိသော A Nation in Torment ဆောင်းပါးပါ ကမ္ဘာကျော် A campaign of calculated brutality: rescuers remove a women shot when solder fired on protesting medical students ဓာတ်ပုံတွင် ပါရှိသည့် ၃ ဦးအနက် တစ်ဦးဖြစ်သူ ဒေါက်တာဝင်းဇော်က ၈၈ အရေးအခင်းကာလက သူ၏ အတွေ့အကြုံများကို ပြန်လည် ရေးသားထားခြင်း ဖြစ်သည်။ ငယ်စဉ်ကတည်းက လူမှုရေးကိစ္စရပ်များတွင် တက်ကြွစွာပါဝင်ခဲ့သလို ၈၈ အရေးအခင်းကာလ၌လည်း အမာခံအဖြစ် လှုပ်ရှားခဲ့သူ၊ စစ်တပ်မှအာဏာသိမ်းပြီးနောက်တစ်နေ့၌ ပစ်ခတ်ခံရမည်ကို စိုးရိမ်သဖြင့် ဖခင်ဖြစ်သူက စိုးရိမ်ကြီးတကြီး ပြောသည်ကို “ ... သူတို့တောင် ပစ်ရဲသေးတာပဲ၊ ဘာဖြစ်လို့ အသေမခံရဲရမှာလဲ ...” ဟုဆိုကာ ကျောင်းသို့ ဇွတ်သွားခဲ့သူ၊ ၎င်းနေ့က ဗိုလ်ချုပ်၏ဓာတ်ပုံကိုကိုင်ကာ ဆန္ဒပြလူအုပ်ကို ရှေ့တန်းမှ ဦးဆောင်နေချိန်၌ စစ်တပ်၏ ပစ်ခံမှုကို ခံခဲ့ရသူ၊ ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ညာဘက်ခြေသလုံး၊ ညာဘက်လက်မောင်း၊ ဘယ်ဘက်ပေါင် ထိမှန်ခဲ့ရုံသာမက ကျည်ဆံသည် ညာဘက်လက်မောင်းကိုဖောက်ကာ အဆုတ်ကို ထိမှန်ခဲ့သဖြင့် ဆေးရုံရောက်ချိန်၌ အဆုတ်တစ်ခြမ်းကို လှီးထုတ်ခြင်း ခံခဲ့ရသူ၊ ဆေးရုံသို့ မိဘဆွေမျိုးများရောက်လာချိန် ကွယ်လွန်ခါနီး၌ “ ... သမီးတို့တောင်းတတဲ့ ဒီမိုကရေစီမရမချင်း သမီးတို့ကို အမျှမဝေပါဘူး” ဆိုသည့် ဂတိကို ဖခင်ဖြစ်သူအား တောင်းဆိုရင်း ကျဆုံးခဲ့သူ ကျောင်းသူ မဝင်းမော်ဦး၊ ၈၈ အရေးအခင်းကာလ၌ ဆေးကျောင်းသားများအဖြစ် တက်ကြွစွာ လှုပ်ရှားခဲ့သလို စစ်တပ်မှ အာဏာသိမ်းပြီး နောက်တစ်နေ့ ဆေးရုံကြီး၌ အလုပ်သင်ဆရာဝန်အဖြစ် တာဝန်ကျနေစဉ် စစ်တပ်၏ ပစ်ခတ်နှိမ်နင်းမှုကြောင့် ဒဏ်ရာရနေသည့် လူနာများကို ကိုယ်ပိုင်အသိဖြင့် ကားဖြင့် သွားရောက်ကယ်တင်ခဲ့သူ၊ ထိုသို့ကယ်ဆယ်ရင်း ဒဏ်ရာပြင်းထန်စွာ ရရှိနေသည့် မဝင်းမော်ဦးကို တွေ့ရှိကာ စစ်တပ်၏ ခြိမ်းခြောက်သံများကြားမှ စွန့်စွန့်စားစား ကယ်တင်ခဲ့သူ ဒေါက်တာဝင်းဇော်နှင့် ဒေါက်တာစောလွင်တို့ ၃ ဦးအကြောင်းကို ဤစာအုပ်မှတဆင့် အသေးစိတ် သိရှိကြရမည် ဖြစ်သည်။ ဒေါက်တာစောလွင်သည် အရေးအခင်းပြီးချိန်၌ စစ်ထောက်လှမ်းရေးများ၏ အမျိုးမျိုး နှောင့်ယှက်မှုများကြောင့် စိတ်ကျစေဒနာခံစားရကာ မိမိကိုယ်ကို သတ်သေသွားခဲ့သည်။ ဟံသာဝတီဦးဝင်းတင်က အမှာစာရေးပေးထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|