|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: သီးခြားစီဖြင့် လွတ်လပ်ရေးရပိုင်ခွင့်ရှိသော လူမျိုးများက သီးခြားစီ လွတ်လပ်ရေးရယူပြီး သီးခြားပြည်ထောင်များကို ထူထောင်ခြင်းမပြုဘဲ၊ မိမိတို့ ပြည်ထောင်များကို မိမိတို့ ဆန္ဒအလျောက် အချင်းချင်း ပူးပေါင်း၍ ပြည်ထောင်များကို “စု”ထားသည့် “ပြည်ထောင်စု” စနစ်ကို အတူတကွ ထူထောင်ကြရမည်၊ ထိုသို့ ပူးပေါင်းရာတွင်လည်း မိမိတို့ဆန္ဒအလျောက် လွတ်လပ်စွာ ပူးပေါင်းကြရမည်ဟူသော လွတ်လပ်စွာ ပူးပေါင်းခြင်းကို အခြေခံမူထားရမည် ဟူသည့် ကောင်းမွန်သော ရည်ရွယ်ချက်၊ ကောင်းမွန်သော စနစ်တစ်ခု ဖြစ်ပါလျက် နိုင်ငံတော်အာဏာကို လက်နက်ဖြင့် မတရားသိမ်းပိုက်ခဲ့သည့် ဗိုလ်ချုပ်နေဝင်းသည် ဖယ်ဒရယ်စနစ်ကို ခွဲထွက်ရေးစနစ်နှင့် ပူးတွဲ၍ မမှန်မကန် ဝါဒဖြန့်ချိခဲ့သည်။ ထို့သို့ မမှန်မကန် အဓိပ္ပာယ်ဖွင့်ဆို ဝါဒမှိုင်းတိုက်မှုကြောင့် ယနေ့တိုင် မပြီးနိုင်သည့် ပြည်တွင်းစစ်ကြီး ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်ဟု စာအုပ်စီစဉ်သူ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ ဒေါက်တာ လျန်မှုန်း ဆာခေါင်းက ဆိုသည်။ ယခုစာအုပ်သည် မြန်မာနိုင်ငံဖယ်ဒရယ်စနစ်နှင့် ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် မြန်မာနှင့် တိုင်းရင်းသားခေါင်းဆောင်များ ရေးသားပြောကြားခဲ့ကြသည့် စာတမ်းများကို စုစည်းပေးထားခြင်း ဖြစ်သည်။ ဖယ်ဒရယ်စနစ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ အနှစ်သာရနှင့် ပင်လုံစာချုပ် ချုပ်ဆိုစဉ်က ဗိုလ်ချုပ်နှင့် တိုင်းရင်းသားလူမျိုးစုခေါင်းဆောင်များ ရရှိခဲ့သည့် သဘောတူညီချက်များကို အသေးစိတ် လေ့လာဖတ်ရှုကြရမည့် စာအုပ်ပင် ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|