|
Myanmar Books
Publishers
|
|
'တရားဥပဒေ'
,
'အခြေခံကွန်ပျူတာ'
,
'ဆန်းလွင်'
,
'Minimalism'
,
'လူ့ယဉ်ကျေးမှု'
,
'ဓမ္မကထိက'
,
'စကား'
,
'လျှပ်စစ်မီးဖို'
,
'နိုင်ငံသားအခွင့်အရေး'
,
'အန္တရာယ်ကင်းဂါထာ'
,
'ရတနာနတ်မယ်'
,
'ကွန်တီနန်တဲလ်'
,
'မယားကောင်း'
,
'အရောင် အ'
,
'ဂျင်ဂျာ'
,
'ခရစ္စမတ်'
,
'ငလုံးလက်ဖယ်'
,
'ထွန်းတောက်'
,
'ပါဠိတော်နိဿယ'
,
'ဆားပုလင်းနှင်းမောင်'
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော လူမျိုးများနက် ကရင်လူမျိုးများသည် ဗမာလူမျိုးများပြီးလျှင် ဒုတိယလူဦးရေအများဆုံးဖြစ်သည်။ ယခုစာအုပ်သည် မြန်မာပြည်နှင့် ကရင်အမျိုးသားများအပေါ် ပညာဒါနနှင့် ယုံကြည်မှုသီလပေါ်တွင် အခြေခံ၍ ချစ်ခင်မြတ်နိုးခဲ့ကြသည့် ကရင်အမျိုးသားခေါင်းဆောင် (၂၄) ဦးအကြောင်းကို မှတ်တမ်းတင် ရေးသားထားခြင်း ဖြစ်သည်။ ၎င်းတို့၏ ဘဝဖြစ်စဉ်နှင့်အတူ ကရင်တို့၏ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေးနှင့် ယဉ်ကျေးမှုရေးရာအဖြာဖြာတို့ကိုပါ တစ်ဆက်စပ်တည်း သိရှိကြရမည် ဖြစ်သည်။ ပါဝင်သော အခန်းခေါင်းစဉ်များမှာ ကရင်ရာဇဝင် ဦးပညာ၊ သူတော်စင် ဘိုးပိုက်ဆံ၊ ကရင်ခရစ်ယာန်အစ ကိုသာဖြူက၊ ကရင့်နိုင်ငံရေးအစ ဒေါက်တာသီသံဗြောက၊ သုတေသီပညာရှင် ဆရာလွန်းရွှေ၊ ဆင်ဖြူရှင် ဒေါက်တာဒါမေဘိုးမင်း၊ ခွဲရေး, တွဲရေးခေါင်းဆောင် စောဆစ်ဒနီလူနီ၊ ခေါင်းဆောင်ကြီး ဒေါက်တာဆာစံစီပိုး၊ သာယာဝတီက ဆရာစံဘော် (OBE - K.H)၊ ဝန်ကြီးစောပေသာ၊ ပိုးကရင် နိုင်ငံရေးအစ ဝန်ကြီးမန်းဘခင်က၊ အာဇာနည်ခေါင်းဆောင် ဝန်ကြီးမန်းဘခိုင်၊ ဝန်ကြီးစောစံဖိုးသင်၏ ဘဝသံသရာ၊ စောဘဦးကြီး၏ အမျိုးသားရေးကြိုးပမ်းမှု၊ တတိယမြောက် သမ္မတကြီး အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိ သုဓမ္မ မန်းဝန်းမောင်၊ ကရင်လူမျိုးများ စုံစမ်းရေးကော်မရှင်အဖွဲ့ဝင် စောနော်တင်ဘွား၊ မြောင်းမြက ငြိမ်းချမ်းရေးခေါင်းဆောင် ဦးမန်းစောဘု၊ သတိုးသီရိသုဓမ္မ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး မန်းဘဆိုင်၊ ပထမဆုံး ပြည်ထောင်စုအစိုးရအဖွဲ့ဝင် အမျိုးသမီးဝန်ကြီး မစ္စက် ဘမောင်ချိန်၊ မုဆိုးကော်ကဆာ စောဟန်တာသာမွှေး၊ မန်ဘဇန်နှင့် သဘောတရား၊ နိုင်ငံရေး မီးပင်လယ်၊ နှလုံးရည်သမား ဆရာသာထို၊ အိမ်ခြေတစ်ရာ ရွာစီမံကိန်းနှင့် ဆရာကြီး စောပေါလ်ဖော၊ တောင်ငူက ဆရာကြီး ဦးစောဘိုးခင်တို့ ဖြစ်ကြသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|