|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
|
- Description: ယခင်စစ်အစိုးရလက်ထက်က အတွင်းရေးမှူး (၁)၊ ဝန်ကြီးချုပ်၊ ထောက်လှမ်းရေးညွှန်ကြားရေးမှူးချုပ် တာဝန်များကို ထမ်းဆောင်ခဲ့သူ ဗိုလ်ချုပ်ကြီး(ဟောင်း)ခင်ညွှန့်၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ် ဖြစ်သည်။ ကျောက်တန်းဇာတိဖြစ်သူ ဦးခင်ညွှန့်က သူ၏ ငယ်ဘဝ ဖြတ်သန်းမှုများ၊ တပ်မတော်သို့ ဝင်ရောက်ခဲ့ပုံ၊ မဆလခေတ်က အမှတ် (၁၈) ခြေလျင်တပ်ရင်း တပ်စုမှူး၊ ထောက်လှမ်းရေးအရာရှိ၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၏ ကိုယ်ရေးအရာရှိ၊ စစ်ဦးစီးမှူး (ဒုတိယတန်း)၊ တပ်မတော် ထောက်လှမ်းရေးညွှန်ကြားရေးမှူးတာဝန်များကို ထမ်းဆောင်ခဲ့ပုံ၊ ၁၉၈၈ စစ်တပ်အာဏာသိမ်းချိန်က သူပါဝင်သည့် အခန်းကဏ္ဍ၊ ၈၈ အရေးအခင်းပြီးနောက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ အတွင်းရေးမှူး (၁) တာဝန်ကို ထမ်းဆောင်ခဲ့ပုံ၊ တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ပြည်တွင်းငြိမ်းချမ်းရေးအတွက် မည်သို့ဆောင်ရွက်ခဲ့ပုံ၊ ဦးနေဝင်း၊ ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးစန်းယု၊ သမ္မတကြီး ဦးစိန်လွင်၊ သမ္မတကြီး ဒေါက်တာမောင်မောင်၊ ဗိုလ်ချုပ်ကြီး သူရကျော်ထင်၊ ဗိုလ်ချုပ်ကြီးထွန်းရီ၊ ဗိုလ်ချုပ်ကြီးအေးကို၊ ဗိုလ်ချုပ်လှဦး၊ ဗိုလ်ချုပ်သန်းတင်၊ ဆရာရင်းဖြစ်သူ ဗိုလ်ချုပ်တင့်ဆွေတို့နှင့် ထိတွေ့ဆက်ဆံခဲ့ရမှုများ၊ ဗိုလ်ချုပ်မှူးကြီးစောမောင်နှင့် ဗိုလ်ချုပ်ကြီးသန်းရွှေ ရာထူးအပြောင်းအလဲဖြစ်စဉ်တွင် သူပါဝင်ပတ်သက်မှု၊ သူသိသမျှ ဒီပဲရင်းလုပ်ကြံမှုအရေးအခင်းအကြောင်း၊ နိုင်ငံတော်၏ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု အနုပညာကဏ္ဍများ၌ ပါဝင်ဆောင်ရွက်ခဲ့မှုများ၊ နိုင်ငံတကာသို့ ချစ်ကြည်ရေးခရီးလှည့်လည်ခဲ့သည့် အတွေ့အကြုံများ၊ အစိုးရအဖွဲ့အတွင်း သူ၏ အာဏာသက်ရောက်မှု အတိုင်းအတာ၊ ထောက်လှမ်းရေးအဖွဲ့ ဖျက်သိမ်းခံရချိန် သူဖမ်းဆီးခံခဲ့ရသည့် ဖြစ်စဉ်အသေးစိတ်၊ အကျယ်ချုပ်ကျခံနေရစဉ်အတွင်း ဘဝဖြတ်သန်းမှု၊ သူ၏ မိသားစုအကြောင်း၊ ပြန်လွတ်လာပြီးနောက် သူ၏ဘဝအကြောင်း အစရှိသည်တို့ကို စစ်ရေး, နိုင်ငံရေးအမြင်များနှင့်အတူ ပြည့်ပြည့်စုံစုံ ရေးသားမှတ်တမ်းတင်ထားသည်။ စာအုပ်၏ မာတိကာ၊ စာအုပ်ကို သူဘာကြောင့်ရေးဖြစ်သည်၊ ဘယ်လိုရေးသားထားသည်ဆိုသည်တို့ကို ဖော်ပြထားသည့် အမှာစာကို ဖတ်ရှုနိုင်ပါသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|