|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: ကူူးဆက်ရောဂါမဟုတ်သော်လည်း အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သည့် နှလုံးနှင့်သွေးကြောရောဂါများသည် လူတို့၏ လူနေမှုဘဝအခြေအနေ၊ နေထိုင်ပြုမူပုံနှင့် အစာစားသုံးသော ဓလေ့များ ပြောင်းလဲလာခြင်းအပေါ် အခြေခံကာ တည်တံ့စွဲမြဲလာခြင်းဖြစ်သည်ဟု ကျန်းမာရေးသုတေသီများက ကောက်ချက်ဆွဲကြသည်။ ထိုရောဂါတို့ မဖြစ်ပွားစေရန်၊ ဖြစ်နေပြီဆိုပါကလည်း ပိုမိုဆိုးမလာစေရန် ရည်ရွယ်လျက် အာဟာရဗေဒပညာရှင် ဒေါက်တာလှကြည်က မှန်ကန်သည့် နေထိုင်စားသောက်နည်းများကို ဤစာအုပ်တွင် ဖော်ထုတ်တင်ပြထားသည်။ နှလုံးသွေးကြောရောဂါများအကြောင်း၊ နေ့စဉ်စားသောက်နေသည့် အဟာရအုပ်စုများအကြောင်း၊ နေ့စဉ်စားသုံးသင့်သည့် အစားအစာ အချိုးအစားပမာဏ၊ မြန်မာအစားအသောက်များကို ကျန်းမာရေးနှင့် ညီအောင် မည်သို့စားသုံးသင့်သည်ကို ကျန်းမာရေးဗဟုသုတဖြစ်ဖွယ် ဖတ်ရှုကြရမည်ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|