|
|
Publishers
|
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ပဋ္ဌာနပါဠိ (အစုံလိုက်) (၁ စုံ = ၅ အုပ်) (ကောင်းမှုရှင် ရွှေစာလုံးထိုး + သားရေတု အဖုံးချုပ်ပြီး) (မိတ္တူ)
-
-
Author(s):
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန
- Type: Myanmar Books
-
Category:
ဘာသာရေး
- Binding: Paperback
- Size: 19 cm x 21 cm
|
- Description: ‘‘ပဋ္ဌာန်း’’ဟူသည် ‘ပ’ - အမျိုးမျိုး + ‘ဌာန’ - အကြောင်း အကြောင်းအမျိုးမျိုးဟု အဓိပ္ပာယ်ရသည်။ အကြောင်းတရားဖြစ်လျှင် အကျိုးတရားသည် မလွဲမသွေဖြစ်ပေါ်ရ၏။ ထိုအကြောင်းတရားများကို ‘ပစ္စည်း’ ဟု ခေါ်ဆိုပြီး အကျိုးတရားကို ‘ပစ္စယုပ္ပန်’ ဟု ခေါ်ဝေါ်သည်။ ထိုအကြောင်းအမျိုးမျိုးတို့က အကျိုးအမျိုးမျိုးတို့အား ဟေတုအစရှိသည့် ၂၄ ပစ္စည်းဖြင့် ဆက်သွယ်ကျေးဇူးပြုခြင်းသည် ပဋ္ဌာန်းဟူ၍ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ စင်စစ်အားဖြင့် ပဋ္ဌာန်းအပါအဝင် ဗုဒ္ဓအဘိဓမ္မာသည် စိတ် စေတသိတ် ရုပ် နိဗ္ဗာန်တည်းဟူသော သဘာဝအမှန်တရားများကို နည်းအမျိုးမျိုးဖြင့် ဝေဖန်ပိုင်းခြားကာ ဟောပြတော်မူသော ဒေသနာများဖြစ်ကြသည်။ မြတ်စွာဘုရား တာဝတိံသာနတ်ပြည်တွင် ဟောကြားတော်မူခဲ့သော ထိုပဋ္ဌာန်းတရားတော်ကို မြန်မာနိုင်ငံ၌ ဆဋ္ဌသင်္ဂါယနာတင်စဉ်ကလည်း ထည့်သွင်းမှတ်တမ်းတင်ခဲ့ရာ ယခုစာအုပ်မှာ ထိုစဉ်က မှတ်တမ်းတင်ခဲ့သော ပဋ္ဌာန်းတရားတော်ကို စာအုပ်အဖြစ် သာသနာရေးဝန်ကြီးဌာနမှ ရိုက်နှိပ်ထားခြင်းဖြစ်သည်။ (ပဋ္ဌာန်းပါဠိတော်မှာ အုပ်ရေအားဖြင့် ပထမတွဲမှ ပဉ္စမတွဲအထိ အတွဲအားဖြင့် ၅ တွဲရှိသည်။) ဤပဋ္ဌာန်းကျမ်းကြီးများကို ရွတ်ဖတ် သရဇ္စာယ်ခြင်းအားဖြင့် ရင်ဆိုင်ကြုံတွေ့နေရသော ဘေးအန္တရာယ် အသွယ်သွယ်တို့ မကျရောက်နိုင်ခြင်း၊ ဆောင်ရွက်ဖွယ်ကိစ္စများ ပြီးမြောက်အောင်မြင်ခြင်းတို့ကြောင့် မြန်မာပြည်တစ်လွှားတွင် အသံမစဲ ပဋ္ဌာန်းပွဲများကို နှစ်စဉ်နှစ်တိုင်း ရပ်ကွက်အသီးသီးတို့၌ ယုံယုံကြည်ကြည် ပြုလုပ်ကြသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|