|
Myanmar Books
Publishers
|
|
'အတိတ်ကောက်'
,
'စစ်တရားခံ'
,
'MAS'
,
'ပင်လယ်ငါး'
,
'ဗိုလ်ချုပ်အောင်ဆန်း'
,
'စာစ'
,
'Great Game'
,
'186'
,
'လူမျိုးတုန်း'
,
'၁၂'
,
'မှားတတ်သော'
,
'ဝိဇ္ဇာဓိုရ်'
,
'အက်ဆေး'
,
'ကချင်ပြည်နယ်'
,
'Andriod'
,
'ဆင်းရဲခြင်း'
,
'Sex Education'
,
'ငြိမ်းချမ်းရေးဗိသုကာ'
,
'အက်တီးကက်'
,
'စာပေအရေးအသား'
|
More ...
|
Latest 10 Editor's Choices
» ဂီတကို ကဗျာမှုပြုသူ ... ဂီတနက်သန်ကိုစောညိန်း ရေးသားခဲ့သော စာစုများ (စောနိုင်ဦး, ကြည်ဦး, ဦးအုန်းလွင်, အောင်နိုင် (တက္ကသိုလ်), နန်းညွန့်ဆွေ, ရန်နိုင်ဆွေ, ဂီတနက်သန် ကိုစောညိမ်း, နေခြည်နု (ရေနံချောင်း), မြေလတ်မေ, တူမစောညိမ်း) (အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း, ကဗျာ / အက်ဆေး / ပေးစာ / မိန့်ခွန်း / ဟောပြောချက်, ဝတ္ထုတို) (11.00 USD)
|
Book Details
|
- ပါရီက သူခိုးမလေး အေပိုနှင်း
-
-
Author(s):
ဝါဝါတင့်ဆွေ
- Type: Myanmar Books
-
Category:
ဝတ္ထုရှည်
- No of Pages: 362
- Binding: Paperback
- Publication Month Year: Jul-2023
- Size: 14 cm x 19 cm
|
- Description: Lilian Roth ၏ I'll Cry Tomorrow ကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ ဝတ္ထုမှာ စိတ်ကူးယဉ်မဟုတ်ဘဲ ကမ္ဘာကျော် အမေရိကန် အဆိုတော် ရုပ်ရှင်မင်းသမီး “လီလီယံရော့သ်”ဆိုသူ၏ ဘဝအကြောင်းကို သူမကိုယ်တိုင် ဖွင့်ဟပြောဆိုချက်များကို မှီးကာ ပြန်လည်ရေးသားထားခြင်းဖြစ်သည်။ ကိုးနှစ်သမီးအရွယ်ကတည်းက ကလေးသရုပ်ဆောင်အဖြစ်ကျော်ကြားခဲ့ပြီး သူမ၏ ဗီဇစွမ်းရည်နှင့် ကြိုးပမ်းအားထုတ်မှုများကြောင့် နောက်တစ်ဆင့်အဖြစ် အဆိုတော်အဖြစ် တက်လှမ်းနိုင်ခဲ့သူ၊ တဖန် တော်ရုံတန်ရုံ အရည်အချင်းနှင့် မရောက်နိုင်သည့် နယူးယောက်မြို့ ကမ္ဘာကျော် ဘရော့ဝေးပြဇာတ်စင်ပေါ်သို့ ၁ဝ ကျော်သက် အရွယ်တွင် ရောက်ရှိပြီး၊ အသက် ၂ဝ ကျော်တွင် ဟောလီးဝုဒ်ရုပ်ရှင်လောကသို့ရောက်ရှိလာခဲ့သူ၊ အသက် ၂ဝ ကျော်ကလေးနှင့် အချမ်းသာဆုံးနှင့် အကျော်ကြားဆုံး အမျိုးသမီးတစ်ယောက် ဖြစ်လာခဲ့သော်လည်း အသက် ၃ဝ ကျော်အရွယ်မူတွင်ကား လောကဓံ၏ ရိုက်ချက်ကြောင့် အဆင်းရဲဆုံးနှင့် နာမည်အဆိုးဆုံး မိန်းမတစ်ယောက် ဖြစ်သွားခဲ့သူ လီလီယံရော့သ်က “ဤဝတ္ထုသည် ကျွန်မအတွက်သာမက ကျွန်မကို ချစ်ခင်ကြသော လူပေါင်းအမြောက်အမြားအတွက် ကြေကွဲဝမ်းနည်းဖွယ်ကောင်းသည့် ဘဝတစ်ခု၏ ဇာတ်လမ်းဖြစ်ပါသည်။ ကျွန်မအနေဖြင့် အတိတ်၏ တံခါးများကို ပြန်ဖွင့်ရသည်မှာ မလွယ်လှပါ။ သို့ပါလျက် ကျွန်မဘာကြောင့် ဤစာအုပ်ကို ရေးရပါသနည်း။ ပထမတစ်ချက်မှာ ပျက်စီးဆုံးရှုံးသွားခဲ့ရသည့် ကျွန်မဘဝကို ပြန်လည်တည်ဆောက်ရာ၌ အထောက်အကူရလို၍ ဖြစ်ပါသည်။ ဒုတိယတစ်ချက်မှာ ကျွန်မ၏ ဘဝထဲမှ သင်ခန်းစာများသည် အခြားလူများအား အကူအညီပေးနိုင်လိမ့်မည်ဟု မျှော်လင့်မိ၍ ဖြစ်ပါသည်”ဟု ဆိုထားသည်။ သူ့ဘဝ လောကဓံ၏ အလှည့်အပြောင်းနှင့် သူ့ဘဝဇာတ်ကြောင်းကို ပြန်လည်ရေးသားပြောပြရာ၌ သူ၏အားနည်းချက်များနှင့် ညံ့ဖျင်းချက်များကို မဖုံးမကွယ် ပွင့်ပွင့်လင်းလင်း ကိုယ်တိုင်ရေးသားထားခြင်းက ဤဝတ္ထုအတွက် အကောင်းမွန်ဆုံး အရည်အချင်းအဖြစ် အားလုံးက လက်ခံအတည်ပြုခဲ့ကြသည်။ ၁၉၅၀ ခုနှစ်တွင် ခရစ္စတိုဖာစာပေဆု ချီးမြှင့်ခြင်းခံရကာ နောင်နှစ်ပေါင်းများစွာ ကြာသည်အထိ အကြိမ်ကြိမ် ပြန်လည်ရိုက်နှိပ်ခဲ့ရသော စာအုပ်တစ်အုပ်ဖြစ်ပါသည်။ ဝတ္ထုဟု ဆိုထားပြီး ပြင်ပတွင် တကယ်မရှိသည့် နာမည်လွှဲ ဇာတ်ကောင်အမည်များ ထည့်သွင်းရေးသားထားသော်လည် ၎င်းတို့သည် လီလီယံရော့သ်ကိုယ်တိုင် သူ့ဘဝ ဖြတ်သန်းမှုတွင် ဆုံတွေ့ခဲ့ရသော အမှန်တကယ်ရှိခဲ့သည့် လူပုဂ္ဂိုလ်များဖြစ်ကြောင်း စာအုပ်တွင် ဝန်ခံထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|