|
Myanmar Books
Publishers
|
|
'mental detox'
,
'Quality'
,
'ရွှေတလေး'
,
'အ.မ.ယ.ဆ'
,
'မဇ္ဈိမဒေသ'
,
'သစ္စာလေးပါး'
,
'youtube'
,
'Sanskrit'
,
'တရုတ်ယဉ်ကျေးမှု'
,
'ဓနသိဒၶိ'
,
'မိမန်းလေး'
,
'Insect'
,
'ဒေါက်တာမင်းနွယ်စိုး'
,
'၃၇ မင်း'
,
'ဟောင်ကောင်'
,
'စတီဖင်ကင်းမိတ်ဆက်'
,
'အမေရိကန်'
,
'အောင်မြင်နည်း'
,
'ပို့စ်ကိုလိုနီယာယ်'
,
'သခင်စိုး'
|
More ...
|
Latest 10 Editor's Choices
» ဂီတကို ကဗျာမှုပြုသူ ... ဂီတနက်သန်ကိုစောညိန်း ရေးသားခဲ့သော စာစုများ (စောနိုင်ဦး, ကြည်ဦး, ဦးအုန်းလွင်, အောင်နိုင် (တက္ကသိုလ်), နန်းညွန့်ဆွေ, ရန်နိုင်ဆွေ, ဂီတနက်သန် ကိုစောညိမ်း, နေခြည်နု (ရေနံချောင်း), မြေလတ်မေ, တူမစောညိမ်း) (အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း, ကဗျာ / အက်ဆေး / ပေးစာ / မိန့်ခွန်း / ဟောပြောချက်, ဝတ္ထုတို) (11.00 USD)
|
Book Details
|
|
- Description: ကျိုက်တလန်း မွန်ကျောက်စာဆိုသည်မှာ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက် စာငှားကောင်တာဘေးတွင် မားမားမတ်မတ် တည်ရှိနေပြီး လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်ခန့် AD 11 ရာစုက ပုဂံပြည့်ရှင် ကျန်စစ်သားမင်း ရေးထိုးခဲ့တဲ့ ရှေးဟောင်းကျောက်စာတိုင်ကြီး ဖြစ်သည်။ ကျန်စစ်သားမင်းဟာ တိုင်းခန်းလှည့်လည်စဉ် မွန်တို့ဌာနေ သုဝဏ္ဏဘူမိ (တောင်စွန်းနှင့် ဘီးလင်းအကြား) ကေလာသတောင်ခြေ တောင်ကုန်းတစ်ခုမှာရှိသော စေတီတစ်ဆူ ပြိုပျက်နေတာကို ပြုပြင်မွမ်းမံခဲ့ပြီးနောက် သူ့ကောင်းမှုတော်ကို မွန်ဘာသာဖြင့် ကျောက်စာရေးထိုး မှတ်တမ်းတင်ခဲ့သည်။ ၎င်းစေတီကို မွန်ဘာသာဖြင့် ကျိုက်တလန်းလို့ ခေါ်ပြီး ကျောက်စာတိုင်ကို ဘုရားရင်ပြင်မှာ စိုက်ထူထားခဲ့သည်။ အောက်မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ သိမ်းပိုက်လိုက်ပြီးနောက် ၎င်းကျောက်စာတိုင်ကြီးကို တူးနုတ်ယူပြီး ဖောင်ဖြင့်ဆွဲကာ ပြတိုက်မှာထားဖို့ ရန်ကုန်ကိုယူဆောင်လာခဲ့ကြသည်။ ပထမဦးစွာ ရန်ကုန်ဆေးရုံကြီးနေရာမှာရှိသော ဖယ်ယာပြတိုက်မှာ ထားရှိခဲ့ပြီး ဒုတိယကမ္ဘာစစ်ကြီးဖြစ်သောအခါ ဗုံးဒဏ် ကျည်ဒဏ်ကြားက ၎င်းကျောက်စာတိုင်ကြီးကို ဘေးကင်းရာရွှေ့ပြောင်းရင်း ရန်ကုန်တိရစ္ဆာန်ရုံသို့ ရောက်ရှိလာခဲ့သည်။ ထိုတစ်ဆင့် အခုလက်ရှိနေရာ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်တိုက် အဆောက်အအုံသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ယခုစာအုပ်တွင် ၎င်းကျောက်စာတိုင်ကြီး ရန်ကုန်တက္ကသိုလ်ကို ရောက်လာပုံ၊ ကျောက်စာပါ ရှေးမွန်အရေးအသားနှင့် အကြောင်းအရာပိုင်း သုတေသနပြု လေ့လာချက်များကို ဖတ်ရှုလေ့လာကြရမည် ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|