|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: နိုင်ငံတကာ စတော့ရှယ်ယာ စျေးကွက်တွင် ရင်းနှီးမြှုပ်နှံလိုသူများအတွက် ရည်ရွယ်ရေးသားထားသော စာအုပ်ဖြစ်သည်။ စတော့ရှယ်ယာအကြောင်း ဘာမှနားမလည်သော အခြေခံအဆင့်မှ ပရော်ဖက်ရှင်နယ်တစ်ယောက်ကဲ့သို့ အရောင်းအဝယ်လုပ်နိုင်သောအဆင့်ထိ သိရှိထားရမည့် ဗဟုသုတများကို အခန်း (၁၅) ခန်းခွဲ၍ ရေးသားရှင်းလင်းထားသည်။ စတော့ရှယ်ယာဆိုတာဘာလဲမှ စတော့ရှယ်ယာရောင်းထုတ်တဲ့ ကုမ္ပဏီ၏ ဘဏ္ဍာရေးဆိုင်ရာ အခြေနေများ ကောင်း / မကောင်း၊ အကြွေးများခြင်း ရှိ / မရှိ၊ ကုမ္ပဏီထဲသို့ စီးဝင်လာသော Cashflow များ၊ ရောင်းရငွေ Revenue များ၊ အမြတ်ငွေများကို သိရှိနိုင်ရန် Website များထဲမှ Income Statement, Cash Flow, Balance Sheet များရှာဖွေဖတ်ရှုပုံ၊
ကုမ္ပဏီ၏ အနာဂတ်အလားအလာကို တွက်ချက်စဉ်းစားပြီး ဝယ်ယူရင်းနှီးမြှုပ်နှံရန် သင့် / မသင့် တွက်ချက်နည်းများ၊ စျေးကွက်တွင်ပေါက်နေသောစျေးသည် ရှိသင့်၊ ဖြစ်သင့်သော စျေးအောက်ရောက်နေခြင်း ရှိ / မရှိ၊ ဝယ်ယူရင်းနှီးမြှုပ်နှံရန် တန် / မတန် သိနိုင်သည့် Intrinsic value တွက်ချက်နည်းများ၊ တစ်နှစ်လျှင် ပျမ်းမျှ ၁၀ % မှ ၁၄% ခန့် အမြတ်ပြန်ရနိုင်သော နည်းဗျူဟာ၊ တစ်နှစ်လျှင် ပျမ်းမျှ ၂၀% ခန့် အမြတ်ပြန်ရနိုင်သော နည်းဗျူဟာ၊ တစ်နှစ်လျှင် ပျမ်းမျှ ၂၅% နှင့်အထက် အမြတ်ပြန်ရနိုင်သော နည်းဗျူဟာ စသည့် နည်းဗျူဟာသုံးမျိုးအကြောင်း၊ စျေးကွက်ထဲ ဝယ်လိုအား၊ ရောင်းလိုအား ပေါ်မူတည်၍ ဖြစ်ပေါ်နေသော စျေးနှုန်းများကို နည်းပညာအကူညီဖြင့် တွက်ချက်စဉ်းစားသည့်နည်းလမ်းများ အစရှိသည်တို့ကို ရုပ်ပုံနှင့်တကွ ဖော်ပြပေးထားသည့်အပြင် စီးပွားရေးနှင့်ပတ်သက်သော ဘောဂဗေဒပညာရပ်ဆိုင်ရာစကားလုံးများကိုလည်း အတတ်နိုင်ဆုံး သာမန်လူပြိန်းပင် နားလည်လွယ်အောင် ရေးသားရှင်းလင်းထားသည်။ စာရေးသူကိုယ်တိုင် နိုင်ငံတကာစတော့ရှယ်ယာစျေးကွက်တွင် ၁၀ နှစ်နီးပါး ရင်းနှီးမြှုပ်နှံခဲ့သော အတွေ့အကြုံများ၊ ဖတ်မှတ်ခဲ့ သောစာအုပ်များ၊ YouTube video များ၊ Website များမှ လေ့လာသိရှိခဲ့ရသော အဆီအနှစ်များကို ထုတ်နုတ်တင်ပြထားခြင်း ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|