|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- စပျစ်စိုက်ပျိုးထုတ်လုပ်မှု နည်းပညာနှင့် သတင်းအချက်အလက်များ
-
-
Author(s):
လှဆန်း (79 - B.Ag)
- Type: Myanmar Books
-
Category:
စိုက်ပျိုးရေး
- No of Pages: 198
- Binding: Paperback
- Publication Month Year: 2024
- Size: 14 cm x 21 cm
|
- Description: “စပျစ်စိုက်ပျိုးထုတ်လုပ်မှုနည်းပညာနှင့်သတင်းအချက်အလက်များ”စာအုပ်သည် မြန်မာနိုင်ငံ၏ စပျစ်စိုက်ပျိုးရေးကို ကောင်းစွာအထောက်အကူပြုစေနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် စပျစ်သီးနှံကို ပြည်ပမှ တင်သွင်းစိုက်ပျိုးထုတ်လုပ်မှု အခြေအနေသည် တည်ငြိမ်မှုမရှိခဲ့ပေ။ စပျစ်မျိုး များပြားစွာရှိလာ ခြင်း၊ စိုက်ပျိုးနည်းစနစ်များစွာ တီထွင်တိုးတက်လာခြင်းများရှိနေသည်။ စပျစ်သီးကို မြန်မာပြည်သူများ စားသုံးမှုများလာနေသည့်အတွက် စပျစ်စိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် စပျစ်စိုက်ပျိုးထုတ်လုပ်မှု ဆိုင်ရာ နည်းပညာများနှင့် ကြုံတွေ့လာရမည့် အခြေအနေများကို လေ့လာသိရှိနိုင်ရေးသည်လည်း လိုအပ်ချက်တစ်ခုဖြစ်ပါသည်။
စာရေးသူသည် စိုက်ပျိုးရေးဝန်ထမ်းအဖြစ် စတင်တာဝန်ထမ်းဆောင်သည်မှ သက်ပြည့်အငြိမ်းစား ယူသည်အထိ စိုက်ပျိုးရေး နယ်ပယ်အသီးသီးတွင် အထူးကြိုးစားကာ ဆောင်ရွက်ခဲ့ပြီး ဥယျာဉ်ခြံသီးနှံများ စိုက်ပျိုးထုတ်လုပ်ရေးအတွက် စမ်းသပ်လေ့လာမှုများ၊ လက်တွေ့စိုက်ပျိုးထုတ်လုပ်မှုများကိုလည်း ဆောင်ရွက်ခဲ့သူ စာရေးသူက ယခုစာအုပ်တွင် စပျစ်စိုက်ပျိုးထုတ်လုပ်ရာတွင် ဒေသအလိုက် ကိုက်ညီနိုင်မည့် စပျစ်မျိုးများအကြောင်း၊ စိုက်ပျိုးရေးစနစ်များနှင့် သတိပြုရန် လိုအပ်မည့်အချက်များကို အသေးစိတ် ရေးသားရှင်းလင်းထားသည်။ စာရေးသူသည် ဤစာအုပ်ဖြင့် စာပေဗိမာန်စာမူဆု၊ သုတပဒေသာ (ရိုးရိုးသိပ္ပံနှင့် အသုံးချသိပ္ပံ) တတိယဆုကို ဆွတ်ခူးနိုင်ခဲ့သည်။ စာရေးသူသည် သီးနှံစိုက်ကွင်းနှင့် ဥယျာဉ်ခြံမန်နေဂျာ၊ ဟင်းသီးဟင်းရွက် သစ်သီးဝလံ သုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာန (VFRDC) ၏ စီမံကိန်းဒါရိုက်တာ၊ စိုက်ပျိုးရေးသုတေသနနှင့် လေ့ကျင့် ပညာပေးရေး ဗဟိုဌာန (CARTC) သင်တန်းကျောင်း၏ ကျောင်းအုပ်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|