|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
- နှစ် ၆၀၀ ပြည့် အင်းဝ (အင်းဝခေတ် ပြန်လည် သုံးသပ်ချက်)
-
-
Author(s):
ရွှေကိုင်းသား
- Type: Myanmar Books
-
Category:
သမိုင်း
- No of Pages: 372
- Binding: Paperback
- Publication Month Year: Dec-2008
- Size: 13 cm x 21 cm
|
- Description: သက္ကရာဇ် ၇၂၆ ခုနှစ် တပေါင်းလဆန်း ၆ ရက် အင်္ဂါနေ့တွင် သတိုးမင်းဖျား စတင်တည်ခဲ့သည့် ရတနာပူရအင်းဝမြို့သည် ၁၃၂၆ ခုနှစ် တပေါင်းလဆန်း ၆ ရက် တနင်္လာနေ့တွင် မြို့သက် အနှစ် (၆ဝဝ)တင်းတင်းပြည့်ခဲ့သည်။ ထိုအနှစ် ၆ဝဝ ရာဇဝင်ခရီးရှည်ကြီးကို ဖြတ်သန်းလာခဲ့သည့် အင်းဝမြို့တော်နှင့်ပတ်သက်သည့် သမိုင်းရေးရာပြန်လည်သုံးသပ်ချက် အခန်းဆက်ဆောင်းပါးရှည်ကြီးကို ဆရာတော်ရွှေကိုင်းသားက လူထုသတင်းစာတွင် ၁၉၆၅ ခုနှစ် ဖေဖေါ်ဝါရီလ ၅ ရက်နေ့မှ ၁၉၆၅ ခုနှစ် ဧပြီလ ၁၁ ရက်နေ့ထိ ရက်ပေါင်း ၆ဝ တိုင်တိုင်ရေးသားခဲ့ရာ ထိုဆောင်းပါးစာစုများကို ပြန်လည်စုစည်းထုတ်ဝေခြင်းဖြစ်သည်။ ဤစာအုပ်တွင် အင်းဝအမည်ဖြစ်လာပုံ၊ အင်းဝနှင့် အင်းကွက်(၁ဝဝဝ)၊ သတိုးမင်းဖျား အင်းဝတည်ခန်း၊ အင်းဝ၏ရေမြေအနေအထား၊ အငယ်ဆုံးသော မြို့တည်နန်းတည်မင်း၊ မင်းသက်(၃ဝ) မြို့သက်(၃၈၈)၊ တရိန်းမစပ်သည့် သတိုးမင်းဖျားနန်းတော်၊ ရာဇဝင်မှသိရသည့် စောဥမ္မာ၊ ဆူးတွင်းပစ်ဆရာတော်၊ မြင်ပါလှည့်နှင့် မြင်ပါဟု ဘုရားနှစ်ဆူသမိုင်း၊ စကားခုနစ်ကျောင်းသမိုင်း၊ အင်းဝခေတ်ပျက်ချိန်၊ မျက်ရည်ယို ကိုယ်တော်၊ ဘားမဲ့နှင့် ဘားတမော့၊ ညောင်ရမ်းမင်းတရား နှစ်ကြိမ်မြောက် အင်းဝကို တည်ထောင်ခြင်း၊ ညောင်ရမ်း(၁ဝ)ဆက်မှ ထူးခြားသည့်အဖြစ်အပျက်များ အပါအဝင် အင်းဝမြို့တော်နှင့်ပတ်သက်သည့် သမိုင်းနောက်ခံအချက်အလက်များကို ပြည့်စုံစွာဖတ်ရှုနိုင်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|