|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- အမှားနှင့် အမှန် (အတွဲ ၁)
-
-
Author(s):
အောင်မြိုင် (မစိုးရိမ်စာသင်သား)
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 188
- Binding: Paperback
- Publication Month Year: Jun-2009
- Size: 13 cm x 21 cm
|
- Description: ဗုဒ္ဓဘာသာအကြောင်း ရေးသားထားသည့် စာအုပ်များဖြစ်သည့် ဦးအေးမောင်၏ ဗုဒ္ဓ၏ ဗုဒ္ဓဝါဒစာအုပ်၊ အမေရိကန်သတင်းစာဆရာ Robert Payneရေးပြီး မောင်သာနိုး ဘာသာပြန်ဆိုသည့် လာခြင်းကောင်းသော အရှင် (မူရင်စာအုပ်အမည် The Lort Comes)စာအုပ်၊ ဆရာပါရဂူ ဘာသာပြန်သည့် သိဒ္ဓတ္ထ၊ ဗုဒ္ဓဒိုင်ယာရီ၊ ညီတော်မင်းနန်၊ သားတော် ရာဟုလာ၊ ချစ်ငယ်(ဒဿန)၏ နိဗ္ဗာန် ရဟန္တာ၊ အရိယာ၊ ဝိပဿနာ ဆွေးနွေးချက်များ စာအုပ်ပါ မှားယွင်းနေသည့် အယူအဆများ၊ အချက်အလက်များကို ကျမ်းကိုး ကျမ်းကားများနှင့်တကွ ထောက်ပြဝေဖန်ထားသော စာအုပ်ဖြစ်သည်။ ထို့အတူ ပဗ္ဗာဇနီယ ကမ္မဝါစာ ဖတ်သင့် မဖတ်သင့်၊ ရဟန်းများ ပါရာဇိကလေးပါးမှ တစ်ပါးပါး ပျက်ခဲ့သော်လည်း ရဟန်းအသွင်ဖြင့် ဆက်နေလျှင်၊ နေ့လွဲှညစာ မစားခြင်း၏ အကျိုး၊ မာရ်နတ်အား ပဉ္စာနာရိယကံ ထိုက် မထိုက်၊ အရိမေတ္တယျဘုရားလက်ထက်တွင် နှောင့်ယှက်သည့် မာရ်နတ် ပေါ်နိုင် မနိုင်တို့နှင့် ပတ်သက်၍လည်း အမြင်ရှင်းစေရန် အထောက်အထားများနှင့်တကွ ရေးသားရှင်းလင်းထားသည်။ စာရေးသူသည် ထေရဝါဒ ဗုဒ္ဓဘာသာဆိုင်ရာ အသိအမြင် ပီပြင်ကြည်လင်ရေးအတွက် ရည်ရွယ်၍ လစဉ်ထုတ်ဝေလျက်ရှိသော ဓမ္မရံသီမဂ္ဂဇင်းတွင် ပါဝင်ရေးသားလျက်ရှိသော ကလောင်ရှင် ရဟန်းတစ်ပါးဖြစ်သည်။ ယခုစာအုပ်များမှာလည်း ထိုဓမ္မရံသီ မဂ္ဂဇင်းပါ စာရေးသူ၏ ဆောင်းပါးများကို စုစည်းထုတ်ဝေထားခြင်းဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|