|
Myanmar Books
Publishers
|
|
'တရားဥပဒေ'
,
'အခြေခံကွန်ပျူတာ'
,
'ဆန်းလွင်'
,
'Minimalism'
,
'လူ့ယဉ်ကျေးမှု'
,
'ဓမ္မကထိက'
,
'စကား'
,
'လျှပ်စစ်မီးဖို'
,
'နိုင်ငံသားအခွင့်အရေး'
,
'အန္တရာယ်ကင်းဂါထာ'
,
'ရတနာနတ်မယ်'
,
'ကွန်တီနန်တဲလ်'
,
'မယားကောင်း'
,
'အရောင် အ'
,
'ဂျင်ဂျာ'
,
'ခရစ္စမတ်'
,
'ငလုံးလက်ဖယ်'
,
'ထွန်းတောက်'
,
'ပါဠိတော်နိဿယ'
,
'ဆားပုလင်းနှင်းမောင်'
|
More ...
|
Top 10 Most Visited of This Week
Book Details
|
|
- Description: မလေးရှားဝန်ကြီးချုပ်ဟောင်းဖြစ်သူ မဟာသီယာမိုဟာမက်၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိဖြစ်သည့် A Doctor in The House (The Memoirs of Tun Dr. Mhathir Mohamad) စာအုပ်ကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ အနောက်တိုင်းက ပြောရဆိုရ ခက်သူ၊ လူမျိုးခွဲခြားရေးဝါဒီ၊ ဂျူးဆန့်ကျင်ရေးသမား၊ စိတ်ကြီးဝင်သူဟု သူ့ကို သတ်မှတ်ကြသော်လည်း ဖွံ့ဖြိုးနေသော ကမ္ဘာကြီးက သူ့ကို ထူူးချွန်သောအမြင်ရှိသူ၊ တတိယကမ္ဘာ့နိုင်ငံများကို မြင့်မြင့်ရပ်တည်ဖို့ အသိဉာဏ်ပေးသော ရှားရှားပါးပါး ခေါင်းဆောင်တစ်ဦးအဖြစ် မနောက်တိုင်းနှင့်မတူ ဆန့်ကျင်စွာ မြင်ကြပုံ၊ နိုင်ငံ၏ ပဲ့ကိုင်ရှင်အဖြစ် ၂၂ နှစ်တာကာလတွင် သူသည် အာဏာရှင်အဖြစ်ရော လှုံ့ဆော်နိုင်သူအဖြစ်ပါ သတ်မှတ်ခြင်း ခံရသူ မဟာသီယာမိုဟာမက်၏ စိတ်ဝင်စားဖွယ် ဘဝဖြစ်စဉ်များကို စာမျက်နှာပေါင်း ၈ဝဝ နီးပါးဖြင့် ပြည့်ပြည့်စုံစုံ မှတ်တမ်းတင်ထားသည်ကို တွေ့ရသည်။ သူ့အကြောင်းနှင့်အတူ ဒုတိယကမ္ဘာစစ်ကာလမှစ၍ မက်မိုက်ကယ်စာချုပ်နှင့် လွတ်လပ်ရေးအထိ စက်မှုလုပ်ငန်းထူထောင်ခြင်းနှင့် ခေတ်သစ်မလေးရှားတည်ထောင်ခဲ့ပုံ၊ ၁၉၉ဝ နှောင်းနှစ်များတွင် အထွတ်အထိပ်ရောက်သော နိုင်ငံရေးနှင့် စီးပွားရေးအကြပ်အတည်းများနှင့် ထောင်စုနှစ်သစ်၏ စိန်ခေါ်မှုများစသည့် မလေးရှားသမိုင်းတွင် အဓိကတိုးတက်မှုများအစရှိသည့် မလေးရှားနိုင်ငံအကြောင်းကိုပါ စိတ်ဝင်စားဖွယ် ဖတ်ရှုလေ့လာကြရမည်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|