|
Myanmar Books
Publishers
|
|
'ဓုတင်'
,
'ဦးဘဂျမ်း'
,
'စိတ်သောက'
,
'ဗီတာမင်'
,
'မာတြာ'
,
'Nero'
,
'မှန်ကင်းတောင်တိုက်ပွဲ'
,
'ဦးခြိမ့်'
,
'စာရာ'
,
'astronomy'
,
'မြန်မာ့ဓလေ့'
,
'Mural painting'
,
'လှတောသား'
,
'ကရင်ရာဇဝင်'
,
'ပုဗ္ဗဏှ'
,
'လက်ဆောင်'
,
'မဲ့'
,
'Steve Jobes'
,
'အိမ်မက်'
,
'Helen Keller'
|
More ...
|
Latest 10 Editor's Choices
» ဂီတကို ကဗျာမှုပြုသူ ... ဂီတနက်သန်ကိုစောညိန်း ရေးသားခဲ့သော စာစုများ (စောနိုင်ဦး, ကြည်ဦး, ဦးအုန်းလွင်, အောင်နိုင် (တက္ကသိုလ်), နန်းညွန့်ဆွေ, ရန်နိုင်ဆွေ, ဂီတနက်သန် ကိုစောညိမ်း, နေခြည်နု (ရေနံချောင်း), မြေလတ်မေ, တူမစောညိမ်း) (အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း, ကဗျာ / အက်ဆေး / ပေးစာ / မိန့်ခွန်း / ဟောပြောချက်, ဝတ္ထုတို) (11.00 USD)
|
Book Details
|
- အဆိပ်အတောက် ရွှေတြိဂံ
-
-
Author(s):
မန်းဖိုးအေး (ဝါးခယ်မ)
- Type: Myanmar Books
-
Category:
သမိုင်း
,
နိုင်ငံရေး
- No of Pages: 378
- Binding: Paperback
- Publication Month Year: Jan-2024
- Size: 19 cm x 25 cm
|
- Description: ၂ဝဝ၂ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ထုတ်ပြန်ခဲ့သော ကမ္ဘာ့ကုလသမဂ္ဂ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဌာနကြီး နှစ်ချုပ်အစီအရင်ခံစာအရ တစ်ကမ္ဘာလုံး ဘိန်းထွက်ရှိမှုရဲ့ ၅ဝ % မှ ၆ဝ % ထိကို မြန်မာနိုင်ငံက ထုတ်လုပ်နေသည်ဟု ဆိုသည်။ ထိုတွင်မှ မြန်မာနိုင်ငံတွင် ဘိန်းအထွက်ဆုံးဟု နာမည်ကြီးသည့် ရွှေတြိဂံဒေသတွင် ဘိန်းစိုက်ပျိုးမှုသည် မြန်မာနိုင်ငံဘက်၌ ၉ဝ % နီးပါးအထိ ရှိခဲ့သည်ဟု ဆိုသည်။ ယခုစာအုပ်သည် ထိုဒေသ၏ ဘိန်းစိုက်ပျိုးမှု သမိုင်းကြောင်း၊ မြန်မာ့မြေပေါ်ရောက် တရုတ်ဖြူ၊ ဗကပ၊ ဒေသခံ လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့အစည်းများသည် ဘိန်းစိုက်ပျိုး ကုန်သွယ်ခြင်းနှင့် ပတ်သက်၍ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်မှု ရှိခဲ့ကြပုံ၊ ထိုမှတဆင့် တရားမဝင် ငွေကြေး အမြောက်အမြား ရရှိခဲ့ကြပုံ၊ တရုတ်နှင့် ထိုင်းနိုင်ငံများမှ တဆင့် နိုင်ငံတကာစေးကွက်သို့ ဘိန်းများ အဆင့်ဆင့် တင်ပို့ရောင်းချပုံ၊ လော်စစ်ဟန်၊ ခွန်ဆာ၊ ဖုန်ကျားရှင် စသည့် ကမ္ဘာသိ ဘိန်းဘုရင်ကြီးများနှင့် သူတို့နောက်ခံမှ လက်နက်ကိုင် အဖွဲ့အစည်းများအကြောင်း၊ ဘိန်းကြောင့် နာမည်ကြီးသည့် ဝ, ကိုးကန့်စသည့် ဒေသများအကြောင်း၊ ဗကပမှ ဖုန်ကျားရှင် လက်နက်ကိုင် ပုန်ကန်ခွဲထွက်ပြီးနောက် ဖုန်ကျားရှင်နှင့် မြန်မာစစ်အစိုးရတို့ နားလည်မှုယူကာ သူ့ကို မြန်မာနိုင်ငံအထူးဒေသအစိုးရအဖြစ် အသိအမှတ်ပြုခဲ့ပုံ၊ ရှမ်းပြည်အထူးဒေသများရှိ လက်နက်ကိုင် အဖွဲ့အစည်းများအကြောင်း အပါအဝင် ရွှေတြိဂံဒေသ၏ ဘိန်းအရှုပ်တော်ပုံများကို ဖွင့်ချဖော်ထုတ်ထားသော စာအုပ်ဖြစ်သည်။ ဤစာအုပ်သည် တရုတ်နိုင်ငံမှ စာရေးဆရာ၊ သတင်းစာဆရာ ကျောက်စွတ်လုံ၊ ကဲ့စုရာတို့ ရေးသားသည့် စာအုပ်ကို တရုတ်ဘာသာမှ မြန်မာဘာသာသို့ ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ မူရင်းစာရေးသူနှစ်ဦးသည် သူတို့၏ အသက်အန္တရာယ်ကို ပဓာနမထားဘဲ ရွှေတြိဂံဒေသသို့ သက်စွန့်ဆံဖျား ထိုးဖောက်ဝင်ရောက်ကာ သတင်းအချက်အလက်များကို စုဆောင်းခဲ့ကြပြီး ၎င်းတို့၏ မျက်မြင်ကိုယ်တွေ့များ၊ ဒေသခံများ၏ ပြောကြားချက်များ၊ ရွှေတြိဂံဒေသနှင့် ပတ်သက်၍ အခြားသူများ ရေးသားခဲ့ကြသည့်စာအုပ်များမှ အချက်အလက်များနှင့် ပေါင်းကာ စာအုပ်အဖြစ် ရေးသားခဲ့ကြခြင်း ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|